
မလေးရှားနိုင်ငံ ပီနန်မြို့မှ အမေ့ရင်သွေး တေးဂီတ အဖွဲ့ကြီးနှင့် အင်တာဗျူး အစီအစဉ်
မလေးရှားနိုင်ငံ ပီနန်မြို့မှာ တည်ရှိတဲ့ အမေ့ရင်သွေး တေးဂီတ အဖွဲ့ကြီးနဲ့ စာဖတ်သူများကို မိတ်ဆက်ပေးချင်ပါတယ်။
မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေဟာ သူတို့ တတ်ထားတဲ့ ဝါသနာပါရာ အနုပညာတွေကို အခုလို ပြည်ပနိုင်ငံကို
ရောက်နေသော်လည်း အများအတွက် မိမိတို့ တတ်ထားတဲ့ အရာတွေနဲ့ တစ်ဖက်တစ်လမ်း ကနေ မြန်မာတွေ အတွက် ကူညီ လုပ်ဆောင်ပေးလျက် ရှိနေပါတယ်။
ဒီအထဲမှာ အမေ့ရင်သွေးဆိုတဲ့ တေးဂီတ အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။ အမေ့ရင်သွေးတေးဂီတ အဖွဲ့မှာဆိုရင် မြန်မာတွေရဲ့ လူမှုရေး ၊
ဘာသာရေး ကိစ္စတွေကို တစ်ဖက်တစ်လမ်းနေ ကူညီပေးနေတဲ့ အဖွဲ့လေးပဲ ဖြစ်ပါတယ်။ အမေ့ရင်သွေးတေးဂီတ မှ လုပ်ဆောင်ချက် ပရဟိတကိစ္စတွေ ကို
သိရှိနိုင်ဖို့အတွက် အင်တာဗျူး အစီအစဉ်လေးကို အခုလိုတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး = အမေ့ရင်သွေး တေးဂီတ အသင်းကြီး စတင်ဖြစ်ပေါ်လာခဲ့ ပုံလေးကို သိပါရစေ။
ဒီအသင်းကို ၂၀၀၈ ခုနှစ် ၈ လပိုင်းမှာ ဆရာဦးသိန်းအောင် ၊ ဦးမောင်မောင်တင် ၊ ကိုကျော်စွာတို့မှ စတင်ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
မေး = အမေ့ရင်သွေး တေးဂီတ အသင်းကြီး ဖွဲ့စည်းပြီးသွားပြီးဆိုတော့ လူဦးရေ ဘယ်လောက်နဲ့ လုပ်ဆောင်ဖြစ်လဲ။
ကျွန်တော်တို့ အသင်းကြီးကို လူဦးရေ ၉ ယောက်နဲ့ စတင် လုပ်ဆောင်ဖြစ်ခဲ့ ပါတယ်။
ကျွန်တော်တို့ အသင်းကြီးကို လူဦးရေ ၉ ယောက်နဲ့ စတင် လုပ်ဆောင်ဖြစ်ခဲ့ ပါတယ်။
မေး = မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် ကိုဂျက် ဘာများပြောချင်လဲ ?
မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အချိန်လေးအတွင်းမှာ အများအတွက် ပရဟိတ လုပ်ငန်းတွေကို တတ်နိုင်သလောက် လုပ်ဆောင်နိုင်ပါစေ။
အလုပ်ကိစ္စများလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကိုစိုင်းစိုင်း (၀၁၆၄၇၈၆ ၀၀၇ - အမေ့ရင်သွေး တေးဂီတ)
မေး = အမေ့ရင်သွေး တေးဂီတ အသင်းကြီး အနေနဲ့ ပရဟိတ လုပ်ဆောင်ချက်လေးတွေ ကို သိပါရစေ။
ကျွန်တော်တို့ အမေ့ရင်သွေး တေးဂီတ အဖွဲ့မှ မြန်မာတွေရဲ့ အဓိကပွဲတွေဖြစ်တဲ့ သင်္ကြန်ပွဲ ၊ ကထိန်ပွဲ ၊ ကျောင်းဖွင့်ပွဲတွေ ဆိုရင်
ဖျော်ဖြေရေး အပိုင်းကနေ ကူညီ လုပ်ဆောင်ပေးလျက် ရှိနေပါတယ်။
မေး = ယခုလက်ရှိ အမေ့ရင်သွေး ဖျော်ဖြေရေး အဖွဲ့ကို ဦးစီးဦးဆောင် လုပ်နေတဲ့ နာမည်လေးတွေ ပြောပြပေးပါဦး။
အမေ့ရင်သွေး ဖျော်ဖြေရေး အဖွဲ့ကို လက်ရှိဦးစီး ဦးဆောင်လုပ်နေတာကတော့ ကိုဆန်း ၊ ကိုဂျက် ၊ အောင်ကိုဟိန်းနဲ့ ကျွန်တော် စိုင်းစိုင်း
ဖြစ်ပါတယ်။
မေး = မြန်မာလူမျိုး ဘာသာဓလေ့ ထုံးစံအတိုင်း ပြုလုပ်ကျင်းပတဲ့ အခမ်းအနား ကိစ္စတွေမှာ အမေ့ရင်သွေး တေးဂီတအဖွဲ့အနေနဲ့
ဘယ်လို လုပ်ဆောင် ကူညီပေးဖြစ်လဲ။
မြန်မာလူမျိုးတွေရဲ့ အလှူအတန်း ၊ အခမ်းအနားကိစ္စတွေမှာဆိုရင် ကျွန်တော်တို့ အဖွဲ့မှ တတ်ထားတဲ့ အနုပညာလေးနဲ့ အနုပညာဝါသနာပါတဲ့ လူငယ်လေးတွေ စုပေါင်းပြီး သင်္ကြန်တို့ ၊ ကထိန်တို့ ၊ ကျောင်းဖွင့်ပွဲ စတဲ့ကိစ္စလေးတွေမှာ ဖျော်ဖြေရေး အနေနဲ့ လုပ်ဆောင် ကူညီပေးခဲ့ပါတယ်။ (ရလာတဲ့ ငွေကြေးနဲ့ ပက်သက်ပြီး တစ်ဝက်ကို မြန်မာဘုန်းကြီးကျောင်းကို လှူဒါန်းပြီး တစ်ဝက်ကို ကျွန်တော်တို့ ရှေ့ဆက်ဖို့အတွက် အသုံးပြုပါတယ်။)
မေး = မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် ကိုစိုင်းစိုင်း ဘာများပြောချင်လဲ ?
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ တတ်ထားတဲ့ အနုပညာလေးနဲ့ အားလုံးကို ပျော်စေချင်တယ်။ ကျွန်တော်တို့ အသင်းကိုလည်း အားပေးစေချင်လို့ ပြောချင်ပါတယ်။ မလေးနိုင်ငံရောက် ရွှေမြန်မာများ အလုပ်အကိုင် အဆင်ပြေကြပါစေ။
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ တတ်ထားတဲ့ အနုပညာလေးနဲ့ အားလုံးကို ပျော်စေချင်တယ်။ ကျွန်တော်တို့ အသင်းကိုလည်း အားပေးစေချင်လို့ ပြောချင်ပါတယ်။ မလေးနိုင်ငံရောက် ရွှေမြန်မာများ အလုပ်အကိုင် အဆင်ပြေကြပါစေ။
ကိုဆန်း ( ၀၁၂-၄၄၅၀ ၀၉၉ - အမေ့ရင်သွေး တေးဂီတ)
မေး = ဖျော်ဖြေရေးကိစ္စများ လုပ်ဆောင်တဲ့ အခါမှာ ငွေကြေးကိစ္စများနဲ့ ပက်သက်ပြီး အဆင်ပြေအောင် ဘယ်လို လုပ်ဆောင်ဖြစ်လဲ?
ငွေကြေးကိစ္စကတော့ ကျွန်တော်တို့ ပွဲတစ်ခုခု လုပ်တော့မယ် ဆိုရင် သူများဆီကနေ စပွန်ဆာကောက်ခံတာတို့တော့ မရှိပါဘူး။
ကျွန်တော်တို့ အသင်းဝင်တွေဖြစ်တဲ့ ယောက်ကျားလေးတွေမှာ တစ်ယောက်ကို ၁၅၀ ကောက်ခံ ပါတယ်။ မိန်းကလေး အသင်းဝင်တွေကိုတော့ မကောက်ပါဘူး ဒီလိုငွေစုပြီး လုပ်ဖြစ်ပါတယ်။ ပွဲပြီးသွားပြီဆိုရင် ကုန်စရိတ်အနေနဲ့ စရင်းရှင်းတမ်း တစ်ခုပြန် လုပ်ပေးတယ်။
မေး = ဖျော်ဖြေရေး ကိစ္စများနဲ့ ပက်သက်ပြီး အမေ့ရင်သွေး တေးဂီတအဖွဲ့ကို ဆက်သွယ်နိုင်တဲ့ နေရပ်လိပ်စာ လေးကို သိပါရစေ။
ကျွန်တော်တို့ အမေ့ရင်သွေး တေးဂီတအဖွဲ့ကို ဆက်သွယ်မယ် ဆိုရင် ပီနန်မြို့ ဓမ္မိကာရာမ ဘုန်းကြီးကျောင်းလိပ်စာကိုပဲ အဓိက ထားပါတယ်။ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်အနေနဲ့ ကျွန်တော် ကိုဆန်း ၀၁၂-၄၄၅၀ ၀၉၉ ၊ ကိုဂျက် ၀၁၆ ၄၈၇၄ ၃၆၁ ၊ စိုင်းစိုင်း ၀၁၆၄၇၈၆ ၀၀၇ ၊ အောင်ကိုဟိန်း ၀၁၆ ၅၉၀၉ ၂၀၃ တွေကို အလှူကိစ္စများ ၊ သာရေးနာရေး ကိစ္စပဲ ဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။
မေး = မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အားလုံးကို အမေ့ရင်သွေး တေးဂီတအဖွဲ့မှ ဥက္ကဌ တစ်ယောက်အနေနဲ့
ပြောချင် အသိပေးချင် ဆုံးမပေးတဲ့ စကားလေး တစ်ခုခုပြောပေးပါဦး။
ကျွန်တော်အဓိက ပြောချင်တာကတော့ ကျွန်တော်တို့လိုပဲ ပရဟိတ ကိစ္စများ သာရေးနာရေးကိစ္စများ ကျောင်းအလှူကိစ္စများ သင်္ကြန်ပွဲများ ၊ ကထိန်ပွဲများကို ကျွန်တော်တို့ ရွှေမြန်မာများက ဝိုင်းဝန်းပြီးတော့ လက်ညီ လက်ညီနဲ့ လှူဒါန်းကူညီပေး စေချင်တယ်။
အားလုံး ပျော်ပျော်ပါးပါးနဲ့ လုပ်ဆောင် စေချင်တယ်။ မြန်မာအားလုံးကိုလည်း ထွန်းထွန်း ပေါက်ပေါက်နဲ့ ဖြစ်စေချင်တဲ့ ဆန္ဒလေး တွေလည်း ရှိပါတယ်။ မလေးရှားရောက် နေတဲ့ အချိန်လေးမှာ ပြောဆိုနေထိုင် လုပ်ကိုင်တဲ့ အခါမှာ အားလုံးနဲ့ အဆင်ပြေအောင် နေထိုင်ကြလို့ ပြောကြားလိုပါတယ်။

အားလုံး ပျော်ပျော်ပါးပါးနဲ့ လုပ်ဆောင် စေချင်တယ်။ မြန်မာအားလုံးကိုလည်း ထွန်းထွန်း ပေါက်ပေါက်နဲ့ ဖြစ်စေချင်တဲ့ ဆန္ဒလေး တွေလည်း ရှိပါတယ်။ မလေးရှားရောက် နေတဲ့ အချိန်လေးမှာ ပြောဆိုနေထိုင် လုပ်ကိုင်တဲ့ အခါမှာ အားလုံးနဲ့ အဆင်ပြေအောင် နေထိုင်ကြလို့ ပြောကြားလိုပါတယ်။
မလေးရှားနိုင်ငံ ပီနန်မြို့မှာ တည်ရှိတဲ့ ဖျော်ဖြေရေး ကိစ္စများနဲ့ ပက်သက်ပြီး အမေ့ရင်သွေး တေးဂီတ အဖွဲ့ကြီးနဲ့ ဆက်သွယ်နိုင် ပါတယ်။ မြန်မာတွေအတွက် ပရဟိတလုပ်ငန်း
ကိစ္စတွေကိုလည်း လက်တွဲအတူနဲ့ လူငယ်များ ပါဝင်ကူညီနိုင် ပါကြောင်း ပြောကြားရင်း အင်တာဗျူး အစီအစဉ်လေးကို ရပ်နားခွင့် ပြုပါ။ အင်တာဗျူး ဗီဒီယို ရုပ်သံဖိုင်များကို
နောက် ... ဆက်လက် တင်ပေးသွားမှာ ဖြစ်ပါတယ်။
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment