မလေးရှားနိုင်ငံသို့ ဓမ္မ ခရီးစဉ်နဲ့ ပက်သက်ပြီး ရောက်ရှိနေသော ဆရာတော် ဦးသုမင်္ဂလနှင့် နောက်ပါသံဃာတော်များသည် မလေးရှားနိုင်ငံ တိုက်ပိန်းမြို့မှ ကိုသိန်းဇော်ဦး မအေးအေးလွင် (မိတ်ဆွေထူး မြန်မာစတိုးနှင့် စားသောက်ဆိုင်) မိသားစုတို့မှ ဆရာတော် ဦးသုမင်္ဂလ နှင့် အတူ နောက်ပါ သံဃာတော် ၈ ပါးတို့အား နေ့လည်ဆွမ်း ကပ်လှူဒါန်းခဲ့ပါသည်။
ညနေပိုင်း အချိန်တွင် ဘာတာဝပ်မြို့နယ် ပုလောင်းရွာ သို့ ရောက်ရှိပြီး ယနေ့ညနေ ၈နာရီအချိန်တွင် အီပို့မြို့တွင် ဆရာတော် ဦးသုမင်္ဂလမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို
မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား ဟောကြားသွားမှာ ဖြစ်ပါသည်။
ဆရာတော် ဦးသုမင်္ဂလ ၏ မလေးရှားနိုင်ငံအတွင်း ဓမ္မဒါနတရားပွဲ ခရီးစဉ်များကို ဝဘ်ဆိုဒ်နှင့် ဖွေ့ဘုတ် စာမျက်နှာများတွင် အချိန်နှင့် တပြေးညီ တင်ပေးသွားပါမည်။
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment