- တောင်ပံမဲ့ နေ့စွဲများ
- စိတ်တောင်ပံတွေ တဖျတ်ဖျတ်
- ရက်လုပ်ခဲ့ရတဲ့ နေ့စွဲတွေ
- အပြုံးတု .. အငိုတု ... မျက်နှာတု တွေထုတ်
- လူလုပ်ဖို့ ခက်တဲ့ အရာ လူကပဲ ပြန်လုပ်နေလေရဲ့
- အငြူအစူတွေ ကလူကျီစယ်သလို
- ယိုစီးပေါက်ကျ တစ်ချို့က ဒါ ... သင်္ခါရ ... တဲ့
- အလှအတွက်ပြုပြုရ ဘဝအတွက် ပြုပြင်ကြနဲ့
- အခုမြင်တဲ့ ခဏတွေတောင်ပြောက် ရောက်ခဲ့တဲ့ရာစု အစပေါ့ ...
- လျော့ရဲလာတဲ့ ယဉ်ကျေးမှုတွေ အဖော်မဲ့လာတဲ့
- ဒီစနစ်တွေကြား ချုပ်ဆက်ဖို့ ခက်လာရော
- ဒီလို ဒီလိုနဲ့ သီအိုရီ တစ်ခေတ်မှာ
- အချစ်တွေပါ စနစ်ပြောင်း ရောင်းကုန်တွေဖြစ်ခဲ့ပေါ့ ....
မောင်ရေခဲ
Poem@Liters
NO-13NOV2012-0010
kohtet19882010@gmail.com
kohtet19882010@gmail.com
ROMM(MALAYSIA NEWS MEDIA)
0 comments:
Post a Comment