အ ထူး သ တိ ပေး အပ် ပါ သည် ....
မလေးရှားရောက် ရွှေမြန်မာများအတွက် သတိပေးချက် အမှတ်စဉ် (၆) မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ မလေးရှားနိုင်ငံ အတွင်း အော်ပရာစီ
(စစ်ဆေးရေး) နဲ့ပက်သက်သော သတင်းများကို အသိပေးသွားမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ပီနန် ကောင်တာတွင် ၂၉.၈.၁၂ စနေ့နေ့ နှင့် ၃၀.၈.၁၂ တနင်္ဂနွေနေ့တွင် အော်ပရာဇီဝင်ခဲ့ကြောင်း သိရှိရပါသည်။ စားသောက်ဆိုင်များနှင့် ပတ်စပို့ရှိသူများကို စစ်ဆေးပြီး အထောက်အထား မခိုင်လုံပါက တစ်ဦးလျှင် ငွေ ၂၀၀ ပေးခဲ့ရကြောင်း ပတ်စပို့ မရှိသူများကို ၁၀၀၀ မှ ၁၅၀၀ အထိ ပေးရကြောင်း သိရှိရပါသည်။ တစ်ပတ်လောက် ပီနန်ကောင်တာ အနီးတစ်ဝိုက်တွင် အော်ပရာဇီဝင်မည် ဖြစ်ကြောင်း ပီနန်မှ လာသည့် သတင်းအရ သိရပါသည်။
အရင်တစ်ပတ်က ကောင်လေးတစ်ယောက် ကောင်တာသွားရင်း အဖမ်းခံရတယ်။ အမှန်ဖြစ်သားနဲ့ တစ်ပတ်ကျော် ချုပ်ထားပြီး ငွေ ၂၀၀ ပေးခဲ့ရတယ်။ ပါမစ်မရှိတွေက ၁၀၀၀ မှ ၁၅၀၀ အထိ
ပေးရခဲ့သူတွေ ရှိပါတယ်။ တစ်ခါတစ်လေ ရဲနဲ့ညှိပြီး ၅၀၀ လောက်နဲ့ပြန်လွတ် လာတဲ့လူတွေလည်း ရှိပါတယ်။ ကျွန်တော်က ပန်းရံ လုပ်တယ်။ ဘာမှ မရှိဘူး အသွားအလာ ဆင်ခြင်ဖို့ပဲ ရှိတာပေါ့။
ပီနန်မှာ အလုပ်လုပ်နေသော လုပ်သားတစ်ဦးမှ ဆိုပါတယ်။
ယနေ့ ၂.၉.၁၂ အင်္ဂါနေ့ နေ့လည် ၃ နာရီခန့်တွင် မြန်မာစားသောက်ဆိုင် တစ်ဆိုင်နှင့် ဘင်္ဂလား စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသော ဖုန်းဆိုင်မှ ပစ္စည်းများကို မလေးရှား စည်ပင်မှ လာရောက် သိမ်းဆည်းသွားကြောင်း သိရှိရပါသည်။ လူ အစစ်အဆေး မရှိဘူးလို့ သိရှိရပြီး နေ့စဉ် ညနေပိုင်းအချိန်တွင် ကိုတာရာယာ ကုန်တိုက် အနီးနှင့် ကေအယ်မြန်မာဆိုင်များ တည်ရှိရာ လမ်းထောင့် များတွင် ရဲများမှ စစ်ဆေးပြီး ငွေတောင်း တတ်ကြောင်း သိရှိရပါသည်။
ယခု တစ်ပတ်အတွင်း ကေအယ်ရှိ လူစည်ကားသော နေရာများ မြန်မာ ဆိုင်တန်းဖက်များတွင် အော်ပရာဇီ (စစ်ဆေးရေး) အစီအစဉ်များ ပြုလုပ် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာ စားသောက်ဆိုင်များနှင့် မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန်ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ ဆက်လက်၍ နောက်ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။
နေဇော်လင်း (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
News Information & Online Radio Media (Malaysia News)
0 comments:
Post a Comment