
အေဂျက်ဇ် ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် မန်စီးတီး ပရိသတ်များယနေ့ မနက်အစောပိုင်းက ကစားခဲ့သည့် အေဂျက်ဇ် နှင့် မန်စီးတီး အသင်းတို့၏ ပွဲစဉ်တွင် နှစ်ဖက်အသင်း ပရိသတ်များကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပရိသတ် (၂၅)ဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
ပြောရေးဆိုခွင့် ရှိသူတစ်ဦး၏ ဖွင့်ဟ ပြောဆိုချက်အရ နှစ်ဖက်အသင်း ပရိသတ်များသည် ယနေ့နေ့လည် တစ်ပိုင်းလုံးတွင် အရက်သေစာများ သောက်စားခဲ့ကြပြီး ကွင်းအတွင်း သို့ ရောက်ရှိချိန်တွင် ယခုလို ခိုက်ရန်ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ အင်္ဂလန် နှင့် ဟော်လန် ပရိသတ်များကြား ခိုင်ရန်ဖြစ်ပွား မှုမှ ယခုအကြိမ်သည် ယခုနှစ်အတွင်း သုံးကြိမ်းမြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယခုနှစ် အစောပိုင်းကလည်း မန်ယူ နှင့် အေဂျက်ဇ် ပရိသတ် များကြား ခိုက်ရန်ဖြစ်ပွားခဲ့သေးသည်။
Source by :http://yoyarlay.com/
0 comments:
Post a Comment