Home » » ရုပ်သံ ၁ဝ လိုင်း ယခုလအပြီး Sky Net တိုးချဲ့မည်

ရုပ်သံ ၁ဝ လိုင်း ယခုလအပြီး Sky Net တိုးချဲ့မည်

Written By မောင်စေတနာ on Thursday, October 25, 2012 | 7:50:00 PM


ရုပ်သံ ၁ဝ လိုင်း ယခုလအပြီး Sky Net တိုးချဲ့မည်Sky Net မှ ရုပ်သံလိုင်း ၁ဝ လိုင်းကို ယခုလအတွင်း တိုးချဲ့ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီမှ သိရသည်။ အဆိုပါ ရုပ်သံလိုင်း ၁ဝ လိုင်းကို ယခုလ ၁ ရက်နေ့မှစ၍ တိုးချဲ့ ထုတ်လွှင့်ပေးသွားမည်ဟု ထုတ်ပြန် ထားခဲ့ပြီး လက်ရှိတွင် ရုပ်သံလိုင်း တစ်လိုင်းချင်းသာ ထုတ်လွှင့်ပေး လျက်ရှိသည်။ 

''နည်းပညာ အခက်အခဲ အနည်းငယ် ရှိနေတဲ့ အတွက် ရုပ်သံလိုင်းတစ်လိုင်း ချင်းသာ တိုးချဲ့ ထုတ်လွှင့် ပေးနေရတာပါ။ ၁ဝ လိုင်းလုံးကိုတော့ ဒီလထဲမှာ အပြီး လုပ်ဆောင် ပေးမှာပါ'' ဟု Sky Net ရုပ်သံမှ ကိုသိန်းသန်းဦးက ပြောသည်။ လက်ရှိတွင် ရုပ်သံလိုင်းများ တိုးချဲ့ထုတ်လွှင့်ပေးရာတွင် ရုပ်သံလိုင်း ၇ လိုင်းခန့်ရှိနေပြီဟု ၄င်းက ပြောကြားထားခဲ့သော်လည်း အချို့ Sky Net စက်များတွင် တိုးချဲ့ထုတ် လွှင့်ပေးသည့် ရုပ်သံလိုင်းများကို ဖမ်းယူကြည့် ရှုနိုင်ခြင်း မရှိသေးကြောင်း သုံးစွဲသူအချို့ထံမှ သိရသည်။ ''အောက်တိုဘာလ ၁ ရက် နေ့ကစပြီး လိုင်းတွေတိုးချဲ့ပေးမယ်လို့ သတင်း တွေ ကြားရပါတယ်။

 ဒါပေမဲ့ အခုအချိန် အထိ ဘယ်နှလိုင်းမှတိုးပြီး မကြည့်ရ သေးပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်မှ Sky Net တပ်ဆင်ထားသူ ဒေါ်ဝင်းဝင်းမော်က ပြောသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက် ၍ Sky Net မှ တာဝန်ရှိသူတစ်ဦးက အချို့စက်များတွင် တိုးချဲ့ထုတ်လွှင့်ပေးသည့် ရုပ်သံလိုင်းများအား တိုက်ရိုက်ကြည့်ရှုနိုင်သော်လည်း အချို့သော စက်များမှာ Auto Scan ပြုလုပ်မှသာလျှင် တိုးချဲ့ထားသည့် ရုပ်သံလိုင်းများ ဖမ်းယူ ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း ပြောသည်။ Auto Scan ပြုလုပ်ပုံမှာ Menuမှ Installationအား ပထမ ဦးစွာရွေးချယ် ရမည်ဖြစ်ပြီး ယင်းနောက် Auto Scan ကိုဝင်၍ OKနှိပ်ရမည်ဖြစ်ကြောင်း ဆက်လက် ၍ Password နံပါတ် ဝဝဝဝ ကို ရိုက်ထည့်ပြီး OKထပ်မံနှိပ်ရမည်။ 

၎င်းနောက် NIT Searchတွင် NIT Off အား NIT ON, Blind Scan တွင် Off ကို ON ဟုပြောင်း လဲလိုက်ပါက လိုင်းအသစ်များကို ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း Sky Net ရုံးချုပ်မှ ဝန်ထမ်းတစ်ဦးထံမှ သိရသည်။ Sky Net ရုပ်သံလိုင်းအား ၂ဝ၁ဝ ခုနှစ်ဒီဇင်ဘာလတွင် စတင် ဝန်ဆောင်မှု ပေးခဲ့ပြီး လက်ရှိတွင် ရုပ်သံလိုင်း ၆ဝ ခန့် ထုတ်လွှင့် ပြသပေးနေကြောင်း သိရသည်။ 

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။