
ကောင်းကင် ဓာတ်ပုံ ရိုက်ကူးသော ယာဉ်ပျံ စတင် အသုံးပြုနိုင်တော့မည် ကောင်းကင်ဓာတ်ပုံများ ပြတ်သားစွာ ရိုက်ကူး ပေးနိုင်မည့် Multicopter အား
ပြည်တွင်း၌ စတင် အသုံးပြုနိုင်တော့မည် ဟု Miracle Post ရုပ်သံမီဒီယာ လုပ်ငန်းမှ သိရသည်။ အဆိုပါ Multicopter ၌ မောင်းနှင်ရာတွင် အထောက်အပံ့ဖြစ်စေရန် ပန်ကာ ခြောက်ခု တပ်ဆင်ထား ပြီး အမြင့်ပေ ၅ဝဝ အထိ ပျံသန်း မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
''တပ်ထားတဲ့ ကင်မရာက Full HD အမျိုးအစားပါ''ဟု Miracle Post မှ ကိုဝဏ္ဏကျော်က ဆိုသည်။ ၄င်းယာဉ်ပျံငယ်အား ကောင်းကင် အလှဓာတ်ပုံများ ရိုက်ကူးရန် သာမက သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် နေရာများ၊ မီးလောင်သည့် နေရာများနှင့် လူသားများ သွားရောက်ရိုက်ကူးရန် အခက်အခဲ ရှိသည့် နေရာများအတွက်ပါ ရည်ရွယ်တင်သွင်း လာခြင်းဖြစ် ကြောင်း Myanmar Arial Video graphic Society မှ ကိုဥာဏက ပြောသည်။ Multicopter ၌ နိုင်ငံတကာ ရေဒီယို လှိုင်းဥပဒေနှင့် ငြိစွန်းမှုမရှိသည့် ကလေး ကစားစရာ တွင် အသုံးပြုနေသည့် လှိုင်းပမာဏကိုသာ အသုံးပြုထားသည်ဟု သိရသည်။
ဘက်ထရီအနေဖြင့် ၅ မိနစ်မှ ၇ မိနစ်အထိ ခံနိုင်ရည်ရှိပြီး အတွင်းပိုင်း ကိရိယာများကိုမူ ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ မှာယူ၍ တစ်စချင်း တပ်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။ ''ခု ပန်ကာ ရှစ်ခုနဲ့ Octo Copter ကို ဆင်နေပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုချက်ရရင်တော့ ကိုယ်ပိုင်ဝယ်ချင်တဲ့သူတွေအတွက် မှာယူတင်သွင်း ပေးသွားပါမယ်''ဟု ကိုဥာဏက ဆက်ပြောသည်။
လက်ရှိတွင် Multicopter အား ငှားရမ်းလိုလျှင် တစ်နေ့စာ 1 Duty အတွက် ကျပ်တစ်သိန်းခွဲ ကုန်ကျမည်ဖြစ်ပြီး တစ်ကြိမ်လျှင် ပျံသန်းချိန် ၅ မိနစ်ဖြင့် ၇ ခေါက်နှုန်း ပျံသန်းရိုက်ကူးပေးသွားမည် ဖြစ်သည်။ ယင်း Multicopterများအား အနောက်နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုမှု ရှိနေပြီ ဖြစ်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများ၌မူ အဖွဲ့အစည်းငယ် များမှ ကိုယ်ပိုင် တပ်ဆင်အသုံးပြုမှုသာ ရှိသေးကြောင်း သိရသည်။
Source by :http://yoyarlay.com/




.jpg?width=750)

0 comments:
Post a Comment