Home » » အထွေထွေ ဗဟုသုတ ညဏ်စမ်း မေးခွန်းများ ဖြေဆိုချင်း ပြိုင်ပွဲသို့ ဖိတ်ခေါ်ခြင်း

အထွေထွေ ဗဟုသုတ ညဏ်စမ်း မေးခွန်းများ ဖြေဆိုချင်း ပြိုင်ပွဲသို့ ဖိတ်ခေါ်ခြင်း

Written By မောင်စေတနာ on Thursday, October 4, 2012 | 1:13:00 AM


အနာဂတ်ကြယ် ပွင့်လေးများဆိုဒ်မှ အထွေထွေ ဗဟုသုတ ညဏ်စမ်းမေးခွန်းများ ဖြေဆိုချင်း ပြိုင်ပွဲသို့ ဖိတ်ခေါ်ခြင်း အနာဂတ်ကြယ်ပွင့်လေးများ ဆိုဒ်တွင်ပြုလုပ်မည့် ပြိုင်ပွဲလေးကတော့ အထွေထွေ ဗဟုသုတ ညဏ်စမ်းမေးခွန်းများ ဖြေဆိုချင်း ပြိုင်ပွဲလေးပဲဖြစ်ပါတယ်။ 

ထိုပြိုင်ပွဲလေးတွင် ကမ္ဘာ့နိုင်ငံများ အသီးသီးမှ ထင်ရှားကျော်ကြားမှုများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ အမှတ်တရပြု လုပ်သည့်နေ့ရက်များ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ အဓိကသွင်း ကုန်ထုတ်ကုန်များ၊ မြန်မာနိုင်ငံမှ အမှတ်တရ ကျင်းပပြုလုပ်သည့်နေ့ရက်များ၊ မြန်မာနိုင်ငံ၏ University (တက္ကသိုလ်) များ၏ စတင်တည် ထောင်သောနေ့ ရက်များ၊ မြန်မာနိုင်ငံ၏ အထွဋ်အမြတ် သူရဲကောင်း ခေါင်းဆောင်ကြီးများ၏ မှတ်သားဖွယ်ရာ အချက်အလက်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာမေးခွန်းများ၊ အာဆီယံနိုင်ငံအဖွဲ့ဝင်များ၏ အားကစားနှင့် ဆိုင်ရာမေးခွန်းများ၊ ကလေးငယ်များ၏ ပညာရေးဆိုင်ရာ မေးခွန်းများနှင့် အထွေထွေဗဟုသုတဆိုင်ရာမေးခွန်းများကို ထည့်သွင်းမေးထားချင်းဖြစ်ပါသည်။ 

ပြိုင်ပွဲ၏ ရည်ရွယ်ချက်ကတော့ ယနေ့ခေတ်လူငယ်များ အထွေထွေ ဗဟုသုတ ကြွယ်ဝ လာစေရန်နှင့် ညဏ်ပညာ ဖွံ့ဖြိုးတိုးတက် လာစေရန်ဖြစ်ပါသည်။ ထို့ အတွက်ကြောင့် ဆိုဒ်အတွင်းရှိ မန်ဘာများ အားလုံးလည်း လွယ်လင့်တကူဖြေဆိုနိုင်မယ်လို့  ထင်ပါတယ်။ 

ဆုကြေးငွေအားဖြင့် ပထမဆုအနေဖြင့် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ကျပ် ဒုတိယဆုအနေဖြင့် မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျပ် တတိယဆု အနေဖြင့် မြန်မာကျပ်ငွေ ၄၀,၀၀၀ ကျပ် တိတိတို့ကို ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ပါသည်။ ဆုရပြိုင်ပွဲဝင် မန်ဘာ များသည် မြန်မာနိုင် ရန်ကုန်မြို့တွင်နေထိုင် သူဖြစ်ပါက ဆုငွေထုတ်ယူရန်နေရာကို ဖော်ပြပေးသွားပါမည်။

မြန်မာနိုင်ငံ တခြားသော မြို့များတွင် နေထိုင်သူ ဖြစ်ပါက နီးစပ်ရာ ငွေထုတ်ငွေသွင်း ဘဏ်များ သော်လည်းကောင်း ၊ နီးစပ်ရာကားဂိတ်များအထိ ဆုရမန်ဘာများ၏ အမည်ရင်း၊ မှတ်ပုံတင်အမှတ် ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့်အတူ ပို့ ဆောင်ချီးမြင့် သွားမည်ဖြစ်ပါသည်။

ပြည်ပရောက် ဆုရ မန်ဘာများကိုလည်း ၎င်းတို့၏ ဘဏ်အကောင့် သော်လည်းကောင်း ၊ နီးစပ်ရာ မြန်မာငွေလွဲ လုပ်ငန်း ဆိုင်များသော်လည်းကောင်း ၊ Paypal အကောင့် ရှိသူများအတွက် ဆုငွေကို အွန်လိုင်းမှ တိုက်ရိုက်ပေးသွင်း ချီးမြှင့်သွားမည်ဖြစ်ပါသည်။ 

ပြိုင်ပွဲဝင်များ အထူးဂရုပြုရမည့် ပြိုင်ပွဲဝင် စည်းကမ်းချက်များကတော့ (၁) ပြိုင်ပွဲဝင်၏ အနာဂတ်ကြယ်ပွင့်လေးများဆိုဒ်အတွင်း Profile Nink Name (၂) ပြိုင်ပွဲဝင်၏ အမည်အရင်း (၃) ပြိုင်ပွဲဝင်၏ မှတ်ပုံတင်အမှတ် (၄) ပြိုင်ပွဲဝင်၏ နေရပ်လိပ်စာ (အပြည့်အစုံ) (၅) ပြိုင်ပွဲဝင်၏ အနာ ဂတ်ကြယ်ပွင့်လေးများ ပညာရေးဖော င်ဒေးရှင်းဆိုဒ်တွင် အဖွဲ့ဝင်ထားချင်း အမှတ်အသား စာမျက်နှာ ( Profile Page Link ) အစုံအလင်ဖြင့် စည်းကမ်းချက်များ အတိုင်း ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ 

ပြိုင်ပွဲဝင် အဖြေလွှာ များကို futurestarsfoundation@gmail.com သို့ လိပ်မူ၍ ပေးပို့ ဖြေဆိုရမည်ဖြစ်ပါသည်။ မေးခွန်းဖြေ ဆိုချိန်ကာလကို မေးခွန်းများ စတ င်ကြေငြာသည့်နေ့ (၀၅.၁၀.၂၀၁၂)ရက်မှစ၍ (၂၀.၁၀.၂၀၁၂)ရက်နေ့အတွင်း အဖြေလွှာများ ကိုပေးပို့ ရမည်။ ပြိုင်ပွဲနှင့် ပက်သက်၍ အသေးစိတ် သိရှိလိုပါက 

လွမ်းပိုင်ရှင် lwanpaishin@gmail.com , Ph: 013 6038061 
Comet whitecomet528@gmail.com , Ph: 012 4710993 
ကိုဖြိုး(ဧရာမြေ) kophyoe.ararmyay@gmail.com , Ph: 010 3836081 
မအိအိဖြိုး eieiphyo.oktravels@gmail.com , Ph: 09 421030773 

များသို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ထို့ အတွက်ကြောင့် ပြိုင်ပွဲဝင် မန်ဘာများအားလုံး ချမှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ပျော်ပျော်ရွှင်ရွှင် ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါသည်။ ပြိုင်ပွဲဝင်များအတွက် ပြိုင်ပွဲ မေးခွန်းများကို ၅. ၁၀. ၂၀၁၂ တွင် အနာဂတ်ကြယ်ပွင့်များ ပညာရေး ဖောင်ဒေးရှင်းဆိုဒ် www.futurestars-myanmar.ning.com တွင် တင်ပေး သွားမည်ဖြစ်ပါသည်။ 

Admin Group 
http://www.futurestars-myanmar.ning.com 
http://www.futurestarsfoundation.org 

Source by : လွမ်းပိုင်ရှင်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။