Home » » My...... ဟိန်းဝေယံ

My...... ဟိန်းဝေယံ

Written By မောင်စေတနာ on Sunday, August 26, 2012 | 8:45:00 AM



My...... ဟိန်းဝေယံMy Brain

စဉ်းစားဉာဏ် ကျတော့ တွေးခေါ်ပြီး လုပ်ရမှာပေါ့။

My Head

ခန္ဓာကိုယ် အစိတ်အပိုင်း အနေနဲ့ အဓိကကျတယ်။ မျက်စိ၊ နှာခေါင်း၊ ဆံပင်တွေပါ ပါတော့ ပိုပြီး အဓိကကျတယ်။

My Eye

ကြည့်ဖို့လေ့လာဖို့

My Ear

မြင်ဆရာ၊ ကြားဆရာရှိတော့ အကြားအနေနဲ့ အသိပညာ ယူနိုင်သလို လူတစ်ယောက်မှာ အကြားအာရုံ မရှိလို့ မဖြစ်ဘူးလေ။

My Nose

အနံ့ခံဖို့

My Mouth

စားဖို့၊ ပြောဖို့

My Teeth

ဝါးဖို့၊ ပါးစပ်က အစာတွေကို ကြေညက်ဖို့ပေါ့။

My Neck

လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ပါးစပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ကို ဆက်သွယ်ပေးထားတာပေါ့။ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်း အားလုံးဟာ မလိုအပ်တဲ့ အရာမရှိပါဘူး။ သူ့နေရာနဲ့သူ အရေးကြီးပါတယ်။

My Shoulder

လိုအပ်တာပေါ့။ သူ့နေရာနဲ့သူ လိုအပ်ပါတယ်။

My Heart

စိတ်ကတော့ အနုပညာထဲမှာ နှစ်ထားတာများတယ်။ နှလုံးသား အနေနဲ့ ထွေထွေထူးထူး ခံစားတာမျိုးတော့ မရှိပေမယ့် အနုပညာကို ခံစားတတ်တာများပါတယ်။

My Hands

ဒါကလည်း အနုပညာ ဖန်တီးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ လက်အမူ အရာတွေ ရှိမှာပဲလေ။ အနုပညာ ပံ့ပိုးမှုနေရာမှာ အဓိက သုံးဖြစ် တယ်။ နောက်ပြီး အသက်ရှင်ဖို့ အတွက် စားတဲ့နေရာမှာ လက်က အသုံးပြုဖြစ်သလို၊ တစ်ခုခုကိုင်တဲ့နေရာမှာလည်း သုံးတယ်။

My Legs

ခြေထောက်တွေက၊ ကိုယ်သွားချင်တဲ့ နေရာတွေ သွားလို့ရတယ်။ ခြေထောက်ရှိမှလည်း လွယ်လင့်စွာနဲ့ သွားလို့ရတာပေါ့။

My Money

လိုအပ်တဲ့နေရာမှာ သုံးလို့ရတယ်။ မရှိမဖြစ် လိုအပ်တယ်။

My Work

ကိုယ်ဝါသနာပါတဲ့ အနုပညာကို လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။

My Lover

မရှိသေးပါဘူး။

My Hobby

အနုပညာဆိုတဲ့ ခေါင်းစီးအောက်မှာ သရုပ်ဆောင်ပညာကို ဝါသနာပါတယ်။

My Aim

အနုပညာရှင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် လေ့လာပြီး ကြိုးစားနေသလို၊ ဘဝမှာလည်း အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းသွားချင်ပါတယ်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။