Home » , , » ထိုင်း ၈ ဦး လက်နက်မှုဖြင့် ထောင်ဒဏ် ထပ်တိုး

ထိုင်း ၈ ဦး လက်နက်မှုဖြင့် ထောင်ဒဏ် ထပ်တိုး

Written By မောင်စေတနာ on Sunday, August 26, 2012 | 8:40:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyztb4Lgzct305oGzHlyl2HCCutT-T1vH785CpRd1CUHug3PtiAUs-nY83e2EyXjEEJk-CfSo-WCaRL4CyonSXTRiFcm_L6sLQFAkvWfCogeQPozpMbravG-E8E9Rm3m85GGBRW88kiTwd/s400/Thai-photos03.jpg

တရားမ၀င် ၀င်ရောက်လာသော ထိုင်းလူမျိုးများထံမှ သိမ်းဆည်း ရမိသည် ဆိုသော လက်နက်များနှင့် ဆေးခြောက်များ (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ်မှ)

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၈ ဦးကို မြန်မာ တရားရုံးတခုက လက်နက်ကိုင်ဆောင်မှု နဲ့ ထောင်ဒဏ် ၇ နှစ် စီ အသီးသီး ချမှတ်လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယမန်နေ့က ပြောလိုက်ပါ တယ်။

လွန်ခဲ့တဲ လက ထိုင်းနိုင်ငံ ရနောင်းဒေသ ခရာဘူရီ ခရိုင် မျက်နှာခြင်းဆိုင် မြန်မာနိုင်ငံနိုင်ငံဘက်က ကျွန်းတခုမှာ ခွင့်ပြု ချက် မရှိဘဲ ၀င်ရောက်နေထိုင် စိုက်ပျိုးရေးလုပ်နေကြတဲ့ အမျိုးသမီး ၁၀ ဦးပါဝင်တဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာဘက် က ဖမ်းဆီးခဲ့ပြီး ထောင် ဒဏ် ၃ နှစ် ၆ လ စီ မြန်မာအစိုးရက အပြစ်ပေးခဲ့ပါတယ်။

အဲဒီအထဲက အခုလို ၈ ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က ကော့သောင်း တရားရုံးက အခုလို လက်နက်မှုနဲ့ ထပ်မံ ထောင်ဒဏ် ချခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်နဲ့ ၆ လ ဖြစ်သွားပါတယ်လို့ ဘန်ကောက်ပို့ သတင်းမှာ ဖော်ပြပါတယ်။

ယင်းတို့ကို ဖမ်းဆီးစဉ်က ၄င်းတို့ အသုံးပြုနေသည့် မြေထိုးစက် ၃ စီး၊ မြေတူးစက် Backhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ် အစီး ၂၀ ၊ M-16 , AK-47, AR-15 အမျိုးအစား သေနတ်များ နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက်လုံးပြူး၊ လုပ်သေနတ် စသည့် လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိမ်းသိမ်းထားတဲ့အထဲက ထိုင်းနိုင်ငံသား ၂ ဦးဟာလည်း မူးရစ် ဆေးဝါးမှုနဲ့ တရားရုံးမှာ လာမယ့် တနင်္လာနေ့ ကျရင် တရားရင်ဆိုင်ရအုံးမှာပါ။

ထောင်ဒဏ်ချမှတ်ခံရသော တရားမ၀င် ၀င်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့ (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ် မှ)

အခုလို ထိုင်းနိုင်ငံသားတွေ မြန်မာမှာ ဖမ်းဆီး ထောင်ချခံနေရာတာနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေ က နေပြည်တော် သွားပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြရာမှာ မြန်မာဘက်က ထိုင်း ၈၂ ဦးရဲ့ အမည်စာရင်းကို အတည်ပြုပြောဆိုလိုက်ပြီး ထိုင်းဘက် က တောင်းဆိုမှုကို လိုက်လျောတဲ့အနေနဲ့ အဆိုပါ ၈၂ ဦး ကို မြန်မာပြည်ဘက်က ပြည်နှင်ဒဏ်ပေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်နှင်ဒဏ်ကလည်း သူတို့အနေနဲ့ မြန်မာပြည်ဘက်ကို ၃ နှစ်ခွဲကာလအတွင်း လာရောက် လည်ပတ်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

ဘန်ကောက်ပို့စ် ပါ သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။