Home » , » Cisco စာမေးပွဲများ ပြည်တွင်းတွင် ပြန်လည်ဖြေဆိုနိုင်

Cisco စာမေးပွဲများ ပြည်တွင်းတွင် ပြန်လည်ဖြေဆိုနိုင်

Written By မောင်စေတနာ on Sunday, August 26, 2012 | 8:53:00 AM



Cisco စာမေးပွဲများ ပြည်တွင်းတွင် ပြန်လည်ဖြေဆိုနိုင်Networking နယ်ပယ်တွင် ထင်ရှားသည့် Cisco စာမေးပွဲများ ကို ပြည်တွင်းရှိ Myanmar Inspirations အွန်လိုင်း စာစစ်ဌာနတွင် August လဆန်းမှ စတင်ကာ ပြန်လည် ဖြေဆိုနိုင်ပြီဖြစ်ကြောင်း သိရသည်။

Pearson VUE အွန်လိုင်းစာစစ်ဌာန၏ လုံခြုံမှုဆိုင်ရာ နည်းပညာများကို အ ဆင့်မြှင့်တင်ရန်နှင့် စာမေးပွဲစစ်ဆေး ရေးအတွက်အသုံးပြုသော Server များထားရှိသည့် Data Center ပြောင်းရွှေ့မှုကြောင့် နှစ်လကျော်ကြာ မျှ ရပ်နားထားခဲ့ ရသော စာမေးပွဲများ ကို Myanmar Inspirations အွန် လိုင်းစာစစ်ဌာနတွင် Pearson VUE မှ ပြန်လည်ဖြေဆိုခွင့်ပြုလိုက်ပြီဖြစ် သည်။

Networking လောကတွင် အလုပ် အကိုင်နှင့် လစာဝင်ငွေကောင်းကောင်း ရနိုင်သော Cisco ၏ အောင်လက် ဖြေဆိုမှသာရနိုင်သော်လည်း ၂၀ဝ၉ ခုနှစ်မှစ၍ မြန်မာတစ်ပြည်လုံးတွင် Myanmar Inspirations အွန်လိုင်း စာစစ်ဌာနတွင် စတင်ဖြေဆိုခွင့်ရခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် အခြား ထင်ရှားသည့် အွန်လိုင်းစာမေး ပွဲများဖြစ်သော CompTIA (Computing Technology Industry Association) စာမေးပွဲများကို ယခင်က ဏမသာနအမငခ အသိအမှတ်ပြုအွန်လိုင်း စာစစ်ဌာနများတွင် ဖြေဆိုခွင့်ရခဲ့သော် လည်း ယခုအခါ Pearson VUE အသိအမှတ်ပြု အွန်လိုင်းစာစစ်ဌာန များတွင်သာ ဖြေဆိုခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

Myanmar Inspirations သည် Pearson VUE ၏ မြန်မာနိုင်ငံလုံး ဆိုင်ရာအတွက်Exclusive Partner ဖြစ်ပြီး အထက်မြန်မာပြည် မန္တလေးမြို့ တွင်လည်း Pearson VUE အသိ အမှတ်ပြု အွန်လိုင်းစာစစ်ဌာနများကိုMyanmar Inspirations နှင့် MCC တို့ပူးပေါင်း၍ ထပ်မံဖွင့်လှစ်မည်ဟု Myanmar Inspirations မှ Managing Director ဦးကျော်သူက ပြော ကြားသည်။

ထို့ပြင်နည်းပညာနယ် ပယ်တွင် ထင်ရှားကျော်ကြားသည့် Cisco နှင့် MBA ကဲ့သို့ စီးပွားရေး နှင့်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ တက်ရောက်ရန်အတွက် မရှိမဖြစ်ဖြေ ဆိုရန်လိုအပ်သောGMAT အပါအဝင် အွန်လိုင်းစာမေးပွဲပေါင်း ၁၃၀ဝ ကျော် ကို Myanmar Inspirations အွန် လိုင်းစာစစ်ဌာနတွင် ဖြေဆိုနိုင်ပြီး ဖြေ ဆိုလိုသည့် ဘာသာရပ်ကို သုံးရက် ကြိုတင်စာရင်းသွင်းပြီး ဖြေဆိုနိုင် ကြောင်းသိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။