Home » , » ဗိုလ်ချုပ်တစ်ဦး၏သားဟု အယောင်ဆောင် သူကို ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး

ဗိုလ်ချုပ်တစ်ဦး၏သားဟု အယောင်ဆောင် သူကို ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး

Written By မောင်စေတနာ on Thursday, August 23, 2012 | 10:17:00 AM



ဗိုလ်ချုပ်တစ်ဦး၏သားဟု အယောင်ဆောင် သူကို ယာဉ်တိုက်မှုဖြင့် ဖမ်းဆီးနေပြည်တော် မြို့မဈေး ရဲကင်း အနီးတွင် ဩဂုတ်၂ရက် ည၈ နာရီ ၄၅ မိနစ် အချိန်က လူသုံးဦး စီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ဝင်တိုက်ရာ ဆိုင်ကယ် စီးနင်းသူ သုံးဦးအနက် အမျိုးသမီးတစ်ဦးမှာ ခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့ သည်ဟုဆို၏။

ထိုစဉ် ကားပေါ်မှ ယာဉ်မောင်းဖြစ်သူတစ်ဦး ဆင်း လာပြီး မေးမြန်းရာ အမျိုးသမီးက ခြေကျင်းဝတ်ဘာဖြစ် မှန်း မသိကြောင်းပြန်လည်ဖြေစဉ် ယာဉ်မောင်းက ယင်းသည် ကက(ဝယ်)မှ ဗိုလ်ချုပ်___၏သားဖြစ်ကြောင်း ခြေထောက် နာလျှင်ခြေထောက် ကိုပါ ဖြတ်ပစ်ရန် ကုန်ကျငွေအား ကျသင့် သလောက် ပေးလျော်မည်ဖြစ်ကြောင်း မိုက်ရိုင်းစွာ ပြောဆို သည့်အပြင် အနီးရှိရဲကင်းမှရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ် မြေမှတာဝန်ရှိ တပ်ဖွဲ့ဝင်များ(သတင်း တပ်ဖွဲ့၊ စ.ရ.ဖ များ အားလုံး) လာရောက် ကြည့်ရှုစဉ် ၄င်းသည် ဗိုလ်ချုပ်___၏ သားဖြစ်၍ ဝင်မရှုပ်ရန် ငေါက်ငန်း လွှတ်ခဲ့သည်ဟုဆို၏။

ထိုစဉ်အနီးရှိ နယ်မြေခံ သတင်းထောက်ဖြစ်သော ကို တင်မောင်လွင်က အဆိုပါ ဖြစ်ရပ်ကို ဓာတ်ပုံ ရိုက်စဉ် “မင်းဘာ ကောင်လဲအလုပ်ပြုတ်သွားမယ်။ ငါကဗိုလ်ချုပ်___ရဲ့သား။ မဆိုင်ရင်ဝင်မရှုပ်နဲ့ အကုန်နာ ကုန်မယ်”ဟုပြော ဆိုကာပတ် ဝန်းကျင်ရှိ တာဝန်ရှိသူများအားလုံးကို ကြိမ်းမောင်း၍ ဆိုင် ကယ်အား အခင်းဖြစ် နေရာမှ အတင်းရွှေ့ခိုင်းသည်ဟုဆို၏။

တာဝန်ရှိသူများကလည်း လူကြီး တစ်ယောက်၏ သားသမီး ဟုဆိုလာသဖြင့် ဇဝေဇဝါဖြစ်နေသော်လည်း အမှန်တကယ် စစ်ဆေး ဆောင်ရွက်မှုပြုသောအခါ ယင်းဗိုလ်ချုပ် ___၏ သားဟုဆိုသော လူငယ်မှာ အမှန်တကယ် မဟုတ်ဘဲ သာမန် ကုမ္ပဏီတစ်ခုမှ ဝန်ထမ်း တစ်ဦးသာဖြစ်ကြောင်း ပေါ်ပေါက် ခဲ့သည်။

ဗိုလ်ချုပ်___၏ သားဟုဆိုခဲ့သော အထက်ပါ ယာဉ် မောင်းက ယင်း၏ ဗိုလ်ချုပ် ___၏သားဟု ကြိမ်းဝါးမှုအပေါ် အခင်းဖြစ်စဉ်ကရှိခဲ့သော တာဝန်ရှိသူများအားလုံးကိုနောက် ပိုင်းတွင် လိုက်လံ တောင်းပန်ခဲ့ကြောင်း သိရသည်။ ယာဉ် တိုက်မှုကို နေပြည်တော်ယာဉ်မှုစစ်က (ပ)၃၉/၂၀၁၂ ဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ခဲ့ကြောင်းလည်း သိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။