Home » , » ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်

ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်

Written By မောင်စေတနာ on Thursday, August 23, 2012 | 10:09:00 AM



ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်ရန်ကုန်တိုင်း ဒေသကြီးတွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ်နှင့် ဟိုင်းလပ် ယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယာဉ်တင်သွင်းခွင့် တင်ထားကြောင်း မထသ ဗဟိုမှ ဥက္ကဌ ဦးလှအောင်က The Voice Weekly သို့ပြောကြားသည်။

ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ အစား မီနီဘတ်စ် တင်သွင်း ခွင့်ပြုကြောင်းကို ယာဉ်ပိုင်ရှင် များထံ အသိပေး နေပြီ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြထား၍ ခွင့်ပြုချက် ရတော့မည်ဖြစ်ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားသွားမည် ဖြစ်ကြောင်း မထသ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့ ဇူလိုင်လက ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်းခွင့်ကို ဆွေးနွေးခဲ့ရာ တင်သွင်းလာမည့် ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များသည် နံပါတ်အနီ ဖြစ်ရမည် ဖြစ်ပြီး ပြန်တင်သွင်း လာမည့် မီနီဘတ်စ်ကို ခရီးသည် တင်ယာဉ် အဖြစ်သာ ပြေးဆွဲခွင့် ပေးမည် ဖြစ်ကာ ဇူလိုင်လ ကုန်ခန့်က စပြီး တင်သွင်း ခွင့်ပြုပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဌာန လက်အောက်ရှိ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဟိုင်းလပ်ယာဉ် ၁၆၃ စီး၊ ဒိုင်နာယာဉ် ၄၁၄ စီး ပြေးဆွဲလျက် ရှိပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စ၍ ရန်ကုန်တိုင်း ဒေသကြီး မြို့တွင်း (၆) မြို့နယ်သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ် ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ကြောင်း မထသ(မြို့တွင်း)၏ တရားဝင် စာရင်းများ အရ သိရသည်။

Source by : www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။