Home » , » အလုပ်ခွင်မှာ စားစရာ (ကျန်းမာရေး အတွက်)

အလုပ်ခွင်မှာ စားစရာ (ကျန်းမာရေး အတွက်)

Written By မောင်စေတနာ on Thursday, August 23, 2012 | 10:27:00 AM



အလုပ်ခွင်မှာ စားစရာ ယနေ့ခေတ်တွင် လူအများစုမှာ အလုပ်ခွင်မှာ နေ့လယ်စာ အဖြစ် နီးစပ်ရာ စားသောက်ဆိုင်မှ ဝယ်စားကြသော အလေ့အထဖြစ်နေ ကြပါတယ်။ အကောင်းဆုံး ကတော့ မိမိအိမ်မှာတင် ချက်ပြုတ်ပြင်ဆင် သော နေ့လယ်စာသာဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ နေ့လယ်စာ ချက်ရန် အချိန်မရှိလျှင်သော်လည်းကောင်း၊ ချက်ရမှာ ပျင်းရင် သော်လည်းကောင်း ဘယ်လိုအစားအစာတွေကို စားသင့်ပါသလဲ။ ဆိုင်မှ ရောင်းချသော အသင့်ထုပ်ပိုးထားတဲ့ စားစရာများထဲမှ ကျန်းမာရေးနှင့် ပို၍ညီညွတ်သော အစားအစာကို ရွေးချယ်ပါ။

ဘယ်လိုအစားအစာတွေလဲဆိုရင် ကြော်ချက်ထားတာထက် မီးကင်ထားသော၊ ပြုတ်၊ ပေါင်းထားသော စားစရာများကို ရွေးပါ။ ဟင်းသီးဟင်းရွက် များများပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းသော အချဉ် သို့မဟုတ် ဟင်းရွက်သုပ်ရာမှာ ထည့်ပေးသော အနှစ် (Dressing) တို့ကို ရွေးချယ်ပါ။ ဒါမှမဟုတ်ရင် ရုံးခန်းထဲက စားပွဲမှာပဲ စားရမယ်၊ အပြင်ထွက် ဝယ်ချိန်မရဘူးဆိုရင် ရုံးခန်းစားပွဲပေါ်မှာ စားရမယ့် အစားအစာကို အကန့်အသတ်နှင့် သာစားမယ်လို့ စည်းကမ်းချ ထားလိုက်ပါ။ ဥပမာ စားမယ့်စားစရာ အမျိုးစုံကို ပန်းကန်တစ်ချပ်တည်းမှာ နေရာပေးနိုင်သ လောက်ပဲ ထည့်မယ်လို့ ဆုံးဖြတ်ပါ။ ဆိုလိုသည်မှာ စားမယ့်စား သောက်ဖွယ်ရာ အမယ်တွေရော ပမာဏပါ နည်းသွားအောင် ကန့်သတ်ခြင်း ဖြစ်ပါတယ်။ ဤနည်းအားဖြင့် အပိုတွေ စားမိမယ့် အခွင့်အလမ်းကို လျှော့ချနိုင်ပါတယ်။

အလုပ်ခွင်၊ ရုံးခန်းတွေဟာ သရေစာတွေ ခဏခဏစားမိအောင် ဆွဲဆောင်နေသော နေရာမျိုး ဖြစ်လေ့ရှိပါတယ်။ တကယ်လည်း ဆာနေမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာကလည်း ဝယ်လို့မရနိုင်ဘူးဆိုပြီး ရတာကိုပဲ အလွယ်တကူစားလေ့ရှိကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သင့်ရဲ့ စိတ်စွမ်းအင်ကိုအသုံးချပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားစရာကို အလွယ်တကူရရှိနိုင်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားကြည့်နိုင်ပါ တယ်။ သင့်သူငယ်ချင်း မိတ်ဆွေနဲ့ အတူတကွတိုင်ပင်ပြီး အကောင် အထည်ဖော်နိုင်ပါတယ်။ ဥပမာ - တစ်ပတ်စာ သစ်သီးဝလံတွေ နှစ်ယောက်ပေါင်းပြီး ဝယ်ထားခြင်းမျိုးပေါ့။ ဤသို့ ပြုလုပ်ခြင်းဖြင့် ငွေကုန်ကြေးကျလည်း သက်သာပြီး သရေ စာစားချင်စိတ် ပေါ်တဲ့ အခါတိုင်း ကျန်းမာရေးနှင့် ညီညွတ်တဲ့ စားစရာတွေ သင်စားမိနိုင် ပါတယ်။

Source by :www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။