Home » , » ပရိသတ်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဟု နေမားဖွင့်ဟ

ပရိသတ်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဟု နေမားဖွင့်ဟ

Written By မောင်စေတနာ on Monday, August 6, 2012 | 2:18:00 PM



နေမားဟွန်းဒူးရပ်စ် အသင်းအား အနိုင်ရခဲ့သည့် ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်တွင် ပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည့် နေမားသည် ယင်းလှောင်ပြောင်မှုများကို ၎င်းအပေါ်မည်သို့မှ အကျိုးသက်ရောက်မှု မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ နေမားမှ “ဖြစ်လာမယ့် အရာရာတိုင်း အတွက် ကျွန်တော် အမြဲတမ်း ပြင်ဆင်ထားပါတယ်၊ ချီးကျူးခံရတာ ဒါမှမဟုတ် လှောင်ပြောင် ခံရတာတွေက သာမာန်ဖြစ်စဉ်တွေပါ”ဟု Marca Brasilသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။

နေမားက ဆက်လက်ပြီး ဟွန်ဒူးရပ်စ် ကစားသမားများသည် ၎င်းအား ပြစ်ဒဏ် ကျူးလွန်ခဲ့ခြင်းကြောင့်သာ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ပြီး ထို့အတွက်ကြောင့် ၎င်းအား အပြစ်မတင်သင့်ဟု ပြောဆိုခဲ့သည်။ ဘရာဇီး အသင်းသည် လာမည့် ကြာသပတေးနေ့တွင် အိုးထရတ်ဖို့ကွင်း၌ တောင်ကိုရီးယား အသင်းနှင့် ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကစားရမည် ဖြစ်သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။