Home » , » အမြင့်ဆုံး ကင်မရာ ပါသည့် Nokia ဖုန်းကို ပြည်တွင်း ဈေးကွက်၌ ဝယ်ယူနိုင်

အမြင့်ဆုံး ကင်မရာ ပါသည့် Nokia ဖုန်းကို ပြည်တွင်း ဈေးကွက်၌ ဝယ်ယူနိုင်

Written By မောင်စေတနာ on Monday, August 6, 2012 | 2:14:00 PM



အမြင့်ဆုံး ကင်မရာ ပါသည့် Nokia ဖုန်းကို ပြည်တွင်း ဈေးကွက်၌ ဝယ်ယူနိုင်41 Megapixel ကင်မရာ တပ်ဆင် ထားသည့် Nokia 808 Pure View စမတ် ဖုန်းကို ပြည်တွင်းဈေးကွက်၌ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် Nokia မှ စတင် မိတ်ဆက်ခဲ့ပြီး ဇွန်လ၌ နိုင်ငံတကာ ဈေးကွက်သို့ စတင် တင်ပို့ခဲ့သည့် အဆိုပါ စမတ်ဖုန်းသည် Multimedia Function များစွာကို ဦးစားပေးထားသည့်အတွက် စမတ်ဖုန်း ဝယ်ယူလိုသူများ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။

Wi-Fi နှင့် Dial Na ကွန်ရက်နည်းပညာကို အထောက်အပံ့ ပေးပြီး 1.3 GHz ရှိသည့် ARM 11 Processor ကို အသုံးပြုထားသော ၎င်းစမတ်ဖုန်းတွင် Nokia\Belle OS ကို အသုံးပြုထားသည်။ Internal Storage 16 GB ပါဝင်ပြီး ROM 1 GB ပါဝင်ကာ RAM ပမာဏမှာ 512 MB ဖြစ်သည်။ မျက်နှာပြင် အရွယ်အစားမှာ ၄ လက်မရှိပြီး အစင်းရာ မထင်နိုင်သည့် Gorilla Glass ကို အသုံးပြုထားကြောင်း သိရသည်။ ဈေးနှုန်းကိုကျပ် ၅၁၀,၀၀၀ ဝန်းကျင် သတ်မှတ်ထားပြီး AMT မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း-၀၁-၃၇၁၉၂၄ သို့ဆက်သွယ်နိုင်သည်။

ဖိုးခွား

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။