Home » , » မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် မီးလောင်မှုဖြစ်ပွာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် မီးလောင်မှုဖြစ်ပွာ

Written By မောင်စေတနာ on Tuesday, July 17, 2012 | 8:56:00 PM



ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာနိုင်ငံဆိုင်ရာ၊ အိန္ဒိယသံရုံးတွင် ဇူလိုင်လ ၁၅ရက်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိန္ဒိယသံရုံး၊ သုံးလွှာ၊ ဒုတိယထပ်ရှိ အင်ဗာတာ အပူလွန်ကဲရာမှ ညနေခြောက်နာရီ ငါးမိနစ်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၁၆စီး၊ အုပ်ချုပ်မှုယာဉ် ၄စီး၊ အထောက်အကူပြုယာဉ် ၂စီးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ၆နာရီ ၂၀မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ညနေ ၆နာရီ ၃၀မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် စာရွက်စာတမ်းများ၊ ပရိဘောဂအချို့နှင့် ကွန်ပျူတာအချို့ ပျက်စီးသွားခဲ့ကြောင်းနှင့် အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ ရဲတပ်ရင်းတစ်ခုမှ ရဲတပ်ဖွဲ့ဝင်များက သံရုံးလုံခြုံရေးအတွက် လာရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။