Home » , » ဟန်ရေးပြ မဟုတ်သော လွှတ်တော်

ဟန်ရေးပြ မဟုတ်သော လွှတ်တော်

Written By မောင်စေတနာ on Tuesday, July 17, 2012 | 2:20:00 PM



စိတ်ဝင်စားဖွယ် လွှတ်တော် သတင်းကို ဖေ့စ်ဘုတ်စာမျက်နှာ တခုမှာ တွေ့လို့ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ အခုလွှတ်တော်ကြီးဟာ ဟန်ရေးပြ လွှတ်တော် မဟုတ်ပါဘူးတဲ့။

"အဓိကလွှတ်တော်များ တည်ရှိရာနေပြည်တော်တွင် မြင့်မိုရ်နန်း၊ Famous ၊ လ၀န်းအိမ် အစရှိသော ကာရာအိုကေ Lounge များတွင် အခန်းများပြည့်သည်အထိ လူစည်ကားနေကြောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းများမှ သတင်းပေးပို့သည်။

"ည ၇ နာရီနောက် ပိုင်းဆိုရင် အခန်းလွတ် လုံးဝမရှိတော့ဘူး။ ကြိုပြီး ဘိုကင် လုပ်ထားကြတာများတယ်။ စနေ၊ တနင်္ဂနွေဆိုရင် မနက်ထဲက အခန်းပြည့်နေပြီ။ တနေကုန် အခန်းမအားတော့ဘူး" ဟု အဆိုပါဆိုင်မှ ၀န်ထမ်းတစ်ယောက်က ပြောကြားသည်။

ထိုသို့ ကာရာအိုကေခန်းများတွင် လူစည်ကားခြင်းမှာ လွှတ်တော်များစတင်သည့် ကာလတွင် တိုက်တိုက် ဆိုင်ဆိုင်ဖြစ် တတ်ကြောင်း(မတော်တဆဟု မဆိုလိုပါနှင့်)လွှတ်တော်မှ ကိုယ်စားလှယ်ကြီး များ ပြည်သူ့ အသံ(ပြည်သား မပါ)ကို အောက်ခြေ ထိ ဆင်းပြီး နားထောင်ခြင်း သို့မဟုတ် လွှတ်တော်တွင် အဆိုများ တင်သွင်းရာတွင် အသံနေ အသံထား မှန်ကန်စေရန် ကြိုတင် ဇာတ်တိုက် လေ့ကျင့်ခြင်း ဖြစ်နိုင် ကြောင်း နေပြည်တော်မှ ပြည်သူများက ဝေဖန်ပြောဆိုလျှက်ရှိသည်။" လို့ People Development For Knowledge's facebook မှာ ဖော်ပြထားပါတယ်။

ဤနေရာကို နှိပ်ပြီး မူးရင်းဖော်ပြထားသည်ကိုလည်းသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။