Home » , » မလေးရှားနိုင်ငံ ဂျို့ဟိုးပြည်နယ်တွင် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်မှု ဖြစ်ပွား

မလေးရှားနိုင်ငံ ဂျို့ဟိုးပြည်နယ်တွင် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်မှု ဖြစ်ပွား

Written By မောင်စေတနာ on Tuesday, July 17, 2012 | 9:57:00 PM



မလေးရှားနိုင်ငံ ဂျို့ဟိုးပြည်နယ် တာမန်ပင်တန်တွင် ညရှစ်နာရီ အချိန်တွင် မြန်မာမိန်းကလေး လေးယောက် အလုပ်ပြန်လာသော ချိန်တွင် ကားတစီးပေါ်မှ မလေးလူမျိုး လေးယောက်က ထိုအမျိုးသမီးများအား ကားပေါ်သို့ ဆွဲတင်ပြီး အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားကြောင်း သတင်း ရရှိပါသည်။

ဖြစ်တာက ၅.၇.၂၀၁၂ ရက်နေ့ကပါ။ အဲဒီနေ့က အလုပ်စက်ရုံက အပြန်ပေါ့။ ည ၈ နာရီလောက်ဖြစ်နေပြီတဲ့ သူတို့အလုပ် အချိန်ပိုဆင်းပြီး ပြန်လာကြတာ မိန်းကလေး လေးလောက်ပေါ့။ သူတို့အနီးမှာ ကားတစ်စီး လာရပ်တယ်။ ကားပေါ်ဆွဲတင်သော အချိန်မှာ ထိုအမျိုးသမီးများမှာ ရုံးကန် ထွက်ပြေးရင်း အမျိုးသမီး တစ်ယောက်သာ ပါသွားတယ်။

အဲဒီမိန်းကလေးကို ကားပေါ်ရောက်တာနဲ့ မျက်လုံးပိတ်ပြီး တစ်နေရာရာသို့ ခေါ်ဆောင်သွားပြီး သူတို့ နေရာရောက်တာနဲ့ ကားကိုရပ်ပြီး မျက်လုံးဖွင့်ပေးကာ ကောင်မလေးမှာ ပါလာသော ရွှေတို ရွှေစ ၊ ဖုန်း ၊ ပိုက်ဆံ တို့အား ယူလိုက်တယ်လို့ သိရပါတယ်။

အဲဒီ မိန်းကလေးကို ခေါ်ဆောင်သွားတဲ့ နေရာတွင် နောက်ထပ် မလေးလူမျိုး သုံးဦးကစောင့် နေတယ်လို့ မိန်းကလေး ပြောပြချက်အရ သိရပါတယ်။ ပစ္စည်းလုတဲ့ လူတွေကတော့ ကောင်မလေးကို ဘာမှ မလုပ်ကြဘူး။ သူတို့ကို စောင့်နေတဲ့ လူ ၃ ယောက်ကတော့ အဲဒီမိန်းကလေးကို အဓမပြုကျင့်ပြီး ည ၂-နာရီခန့်တွင် မိန်းကလေးအား မျက်လုံးပိတ်ခါ အမျိုးသမီးများ နေထိုင်ရာ နေရာအနီးတွင် ကားပေါ်မှ ကန်ချခဲ့ကြောင်း အဲဒီမိန်းကလေးက နေရာလည်း မသိဘူးဆိုတော့ ည ၂ နာရီလောက်မှာ တိုင်စီတစ်စီး ကိုတားပြီး အိမ်ပြန်ရောက်လာခဲ့ပါလို့ ကံယာကံရှင် မိန်းကလေး ပြောပြအချက်အရ သိရှိရပါတယ်လို့ စောကျော်မိုးမှ အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောပြ ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး သူတို့ စက်ကရုံမှ လျော်ကြေးငွေ ၂ သောင်း(သို့မဟုတ်) ၃သောင်း တောင်းထားကြောင်း သိရပါတယ်။ မိန်းကလေးက မြန်မာပြည်ကို ပြန်ဖို့အတွက် စက်ရုံမှ ငွေကြေးကိစ္စများ ညှိနှိုင်းနေဆဲဖြစ်ပြီး မြန်မာသံရုံး မလေးရှား မှလည်း ဒီကိစ္စနဲ့ ပက်သက်ပြီး ပါဝင်ကူညီဆောင်ရွက်ပေးနေ ကြောင်း သိရှိပါတယ်။

ဟိုတစ်လောကလည်း ကျွန်တော်တို့ ဂျို့ဟိုးမှာပဲ ကားတိုက်ခံရတဲ့ မြန်မာတစ်ယောက် အဲဒီနေ့က သူကလည်း အရက်သောက်ထားတယ်လို့ သိရတယ်။ တစ်ခါတည်း သေသွားတယ်။ နောက်တစ်ယောက်က လမ်းကူးတုန်းမှာ ကားတိုက်ခံရတာ လက်တစ်ဖက် ခြေတစ်ဖက် ဖြတ်လိုက်ရတယ်။

အခုလို ဖြစ်နေတာကို ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ကိုယ်တိုင်ဂရုစိုက်ပြီး နေထိုင်မှ ရမှာပါ။ အခုလို သူများနိုင်ငံရောက်နေတော့ အစစ အရာရာ သတိထားပြီး နေထိုင်တာ အကောင်းဆုံးပါပဲ။ အန္တရာယ်ဖြစ်မှဆို အရာရာ နောက်ကြနေပြီးလေ မဖြစ်ခင်က ဆင်ခြင်မှ တော်ရာကျမှာပါ။ သူများနိုင်ငံမှာ သတိထားနေထိုင်တာ မကောင်းဆုံးပါပဲ လို့ စောကျော်မိုးမှ အကြံပြုပါတယ်။

မလေးရှားနိုင်ငံအတွင်း အခုလို ကိစ္စများ မကြာခဏ ဖြစ်ပေါ်နေပြီး ထိထိရောက်ရောက် ကူညီဆောင်ရွှက်မှုများ သိပ်မရှိပါသောကြောင့် မိမိတို့ အနေဖြင့် မလေးရှားနိုင်ငံအတွင်း အဖော်မပါပဲ မသွားကြဖို့ ၊ ရွှေငွေများကို သူတစ်ပါးမြင်သာအောင် မဝတ်ဆင်ပဲ သွားလာမှု နေထိုင်မှုများကို ဂရုစိုက်၍ နေထိုင်သွားလာ သင့်ပါကြောင်း အထူး သတိပေး အပ်ပါသည်။



နေဇော်လင်း (အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား)

♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။