Home » , » နာရေးကူညီမှု အသင်းရဲ့ အခမဲ့ ၀န်ဆောင်မှုအသစ်

နာရေးကူညီမှု အသင်းရဲ့ အခမဲ့ ၀န်ဆောင်မှုအသစ်

Written By မောင်စေတနာ on Friday, July 20, 2012 | 2:03:00 PM



ဓာတ်ပုံ- ဦးကျော်သူ ( နာရေး ကူညီမှု အသင်း - ရန်ကုန်)

နာရေးကူညီမှု အသင်း ( ရန်ကုန်) က ကျန်းမာရေး ၀န်ဆောင်မှု အသစ် တခုကို ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ ၆၅ နှစ်မြောက် အာဇာနည်နေ့က အသင်းရုံးတည်ရှိရာ သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ ဖွင့်လှစ်လိုက်ပါတယ်လို့ သိရပါတယ်။

အခု တိုးချဲ့တဲ့ ကျန်းမာရေး ၀န်ဆောင်မှုကလည်း အခမဲ့ ကုသပေးခြင်းလည်းဖြစ်ပါတယ်တဲ့။

အခု တိုးချဲ့လိုက်တဲ့ ကျန်းမာရေး အခမဲ ၀န်ဆောင်မှု အသစ်ကတော့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဌာန ( Department of Physical Dedicine and Rehabilation ) လို့ ခေါ်တဲ့ ဌာနသစ်ပါလို့ အမည်ပေးထားပါတယ်တဲ့ ။

ကုသပေးမယ့် ဆရာဝန်ကြီးတွေကတော့ ပါမောက္ခ ဒေါက်တာ ဦးသန်းတိုးက ဦးဆောင်ပြီး ဒေါက်တာ
ဒေါ်ဝါ၀ါအောင်၊ ဒေါက်တာ ဒေါ်သန်းသန်းဌေး၊ ဒေါက်တာ ဦးအောင်ကိုဦး၊ ဒေါက်တာ ဒေါ်မွန်မွန်ခိုင်၊
ဒေါက်တာ ဒေါ်ခင်စောဦး၊ ဒေါက်တာ ဒေါ်သိဂီင်္လှိုင်တို့က အကြောအဆစ်ရောဂါ ဝေဒနာရှင်တွေကို အလှည့်ကျ ကုသပေးသွားကြမှာပါ။

မနေ့က နံနက် ၉ နာရီမှာတော့ အခမ်းအနားနဲ့ ကျန်းမာရေး အခမဲ့ ကုသပေးရေး ဌာနသစ်ကို အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပြီး စတင် ကုသပေးနေပြီလည်းဖြစ်ပါကြောင်း ဦးကျော်သူက သူ့ဖေ့စ်ဘုတ်မှာ ပြောဆိုထားပါတယ်။


ယခုလို အာဇာနည်နေ့ထူးနေ့မြတ်တွင် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ အများပြည်သူတို့အတွက် ဆေးဝါး ကုသ ပေးကြ သော စေတနာ ရှင် ဆရာဝန်ကြီးများအား လူမှုရေး သူရဲကောင်း ဆရာဝန်ကြီးများဖြင့် တင်စား၍ အထူးကျေးဇူး တင်ရှိပါ ကြောင်း နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူက အခမ်းအနားမှာ ပြောခဲ့ပါတယ်။


ပါမောက္ခ ဒေါက်တာ ဦးသန်းတိုးကတော့ အကြော အဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဖွင့်လှစ်ကုသပေးရခြင်းနှင့် ပတ်သက်၍ လွန်ခဲ့တဲ့ (၂) နှစ်ခန့် ကတည်းက ဦးကျော်သူနှင့် အကြောအဆစ်ရောဂါ ဝေဒနာသည်များ အား ပြန်လည်သန်စွမ်းနိုင်ရေး အတွက် ကုသခန်းဖွင့်လှစ် မည့်ကိစ္စ ကို ပြောကြားခဲ့ဖူးကြောင်း၊ ယခုမှ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာဝမ်းသာခဲ့မိကြောင်းနှင့် ကုသမှုပိုင်းတွင် ဝိုင်းဝန်းကူညီ ပေးကြသော ဆရာဝန်ကြီးများအားလည်း ကျေးဇူး အထူးတင်ပါကြောင်း၊ အရင်တုန်းက အကြောအဆစ်တို့ နာကျင်ရင် ဘယ်မှာကုရမှန်း မသိကြကြောင်း၊ တရုတ်အား ကိုးပြီး သွားရောက်နှိပ်နယ်ပြုကြရာ မဖြစ်သင့် တာတွေဖြစ် ကြောင်း၊ နှိပ်သင့်တဲ့နေရာကို မနှိပ်၍ မနှိပ်သင့်တဲ့နေရာကို နှိပ်ကြ၍ ပိုဆိုးဝါးလာကြောင်းအကျယ်တ၀ံ့ ပြောကြားခဲ့ပါတယ်။

ယင်းအခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်) ရာသက်ပန် အသင်းဝင် ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့ပါ တက် ရောက် ချီးမြှင့်ခဲ့ပါသေးတယ်။



ယခင်က နာရေးကူညီ မှုအသင်း(ရန်ကုန်)တွင် တစ်ကြိမ်တည်းဖြင့် အသက်နှစ်ချောင်း ကယ်တင် ရာရောက် သည့် ကိုယ်ဝန် ဆောင် မိခင်များအား ခွဲစိတ်မွေးဖွားမှုဖြင့် ကျန်းမာရေး ၀န်ဆောင်မှုကို စတင်ပြုလုပ်ပေးခဲ့ရာမှ သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ ၂ဝဝ၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ရာ အထွေထွေ၊ အရိုးအကြော၊ အရေပြား၊ ကလေး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည် ချောင်း၊ သွား၊ အပ်စိုက်၊ ဓါတ်မှန်၊ USG ၊ ECG ၊ ဓါတ်ခွဲခန်း၊ မီးယပ်နှင့် သားဖွား၊ အသေးစား ခွဲစိတ် ကုသမှုတို့အပြင် အစိုးရ ဆေးရုံကြီး (၈) ရုံတွင် တက်ရောက်ကုသကြသော လူနာများအတွက် ဆေးကူညီမှု ထောက်ပံ့ခြင်းတို့ကို (အခမဲ့) ကူညီ ပေးခဲ့ရာမှ ယနေ့ (၆၅) နှစ်မြောက် အာဇာနည်နေ့တွင် အကြော အဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေး ဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဟူ၍ တိုးချဲ့ကုသပေးမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ လို့ ကိုကျော်သူက ဆိုပါတယ်။






Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။