Home » , , » ဟင်္သာတ အာဇာနည်နေ့ အထူးစည်ကား

ဟင်္သာတ အာဇာနည်နေ့ အထူးစည်ကား

Written By မောင်စေတနာ on Friday, July 20, 2012 | 2:05:00 PM



ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ၆၅ နှစ်မြောက် အာဇာနည်နေ့ကို နှစ်ဆယ်ရာစုနှစ်အတွင်း ပထမဆုံးအကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပခွင့်ရခဲ့တဲ့အတွက် ဒေသခံတွေက ဝမ်းသာကြည်နူးနေကြပါတယ်။

ဟင်္သာတ ခရိုင်များအတွင်းက ထောင်ပေါင်းများစွာသော ဒေသခံတွေကလည်း မြို့ပေါ်ကို တက်လာကြသလို မြို့ပေါ်မှာရှိတဲ့ အစိုးရဝန်ကြီးဌာနပေါင်းစုံး၊ ကျောင်းဆရာဆရာမတွေ၊ နိုင်ငံရေးပါတီတွေနဲ့ မြို့ခံလူထု ၃၀၀၀ ကျော်က ကျင်းပခဲ့ကြတာပါ။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့အတွက် ခရိုင်အတွင်း မြို့နယ်ပေါင်းစုံက လူထုတွေက မြို့ပေါ်မှာရှိတဲ့ ဟင်္သာတ အာဇာနည်ကုန်းကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးပြီးနောက် ထွက်ပေါ်လာတဲ့ အာဇာနည်ဂုဏ်ပြုတေးသီချင်းတွေကို အသံချဲ့စက်တွေနဲ့ဖွင့်ပြီး ချီတက်အလေးပြုခဲ့ကြပါတယ်။

ဟင်္သာတာမြို့ခံအာဏာပိုင်တွေနဲ့ မြို့ပေါ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေကလည်း မြို့တွင်း ပျားပန်း ခတ်နေတဲ့ အာဇာနည်နေ့ ဂုဏ်ပြုကြမယ့် လူတန်းကြီးတွေကို လမ်းရှင်းပေးခြင်း၊ စနစ်တကျ သွားရောက် ဂါရဝပြုနိုင်ရန် စီစဉ် ပေးခြင်းတွေ ပြုလုပ်ပေးကြပါတယ်။

ဟင်္သာတ အာဇာနည်ကုန်းကို ချီတက်အလေးပြုခဲ့သူ မြို့ခံတစ်ဦးကတော့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ကို တက်ရောက်ဂုဏ်ပြုခွင့်ရခဲ့တဲ့အတွက် ဝမ်းသာ၊ ဝမ်းနည်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

“တစ်ခါမှလုပ်ခွင့်မရတဲ့ အာဇာနည်နေ့ကို လုပ်ခွင့်ရတယ်၊ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုခွင့်ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကို လုပ်ကြံခံရတဲ့အတွက် ဝမ်းနည်းတယ်” ဟု သူက ပြောဆိုပါတယ်။

ဟင်္သာတမြို့နယ်သားတွေရဲ့ အာဇာနည်နေ့ ကျင်းပပုံကိုတော့ ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။



Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။