Home » , , » RAM အကြောင်းလေ့လာရအောင် ( ၂ )

RAM အကြောင်းလေ့လာရအောင် ( ၂ )

Written By မောင်စေတနာ on Thursday, June 14, 2012 | 1:56:00 PM



Ram တွေကို Active ဖြစ်နေတဲ့ Program တွေအတွက် Data သိုလှောင်ဖို့ အတွက် အဓိက System Memory အဖြစ်သုံးတယ် ဆိုတာ သိပီးပီဟုတ် ..။

Ram ကို နှစ်မျိုးထပ်ခွဲပါတယ်

1. SRAM ( Static Random Access Memory )

2. DRAM ( Dynamic Random Access Memory)

1. SRAM ( Static Random Access Memory )

SRAM တွေဟာ DRAM တွေထက် အရွယ် ပိုကြီးပီး ပိုမို မြန်ဆန်တဲ့ နှုန်းနဲ့ လုပ်ဆောင်နိုင်ပီး Power ပေးသမျှ ကာလ ပတ်လုံး Refresh လုပ်စရာမလိုအောင်ကို Data တွေကို သိုလှောင်ပေးထားနိုင်ပါတယ်..။ သို့သော် ကုန်ကျစရိတ် များပြားချင်း ၊ အပူစွန့်ထုတ်မှုများပြားချင်း ၊ နေရာပိုယူချင်းတွေ ကြောင့် Main Memory အဖြစ် အသုံးမပြုဘဲ Cache Memory အဖြစ်ပဲ CPU မှာ တပ်ဆင်အသုံးပြုပါတယ်..။ Processor CPU တွေမှာ L 1 Cache ၊ L 2 Cache ဘယ်လောက် MB ပါတယ်လို့ ပြောကြတာဟာ SRAM ကို ပြောတာပါ...။

2. DRAM ( Dynamic Random Access Memory)

ကွန်ပျူတာ မှာ Main Memory အဖြစ် အသုံးပြုတဲ့ Memory Chip အမျိုးအစားဖြစ်ပါတယ်..။ အကုန်အကျ သက်သာချင်း ၊ နေရာ သိပ်မယူဘဲ Memory Capacity အတော် များများ ရအောင် တည်ဆောက်နိုင်ခြင်းတို့ကြောင့် PC မှာ DRAM ကို တပ်ဆင်အသုံးပြုချင်းဖြစ်ပါတယ်...။ ဒါကြောင့် DRAM ရဲ့ လုပ်ဆောင်နိုင်မှု နှေးကွေးလွန်းတာကြောင့် ပိုမို မြင့်မားတဲ့ Processor များနဲ့ တွဲသုံးနိုင်စေဖို့ DRAM Architecture ကိုတိုးမြှင့်ခဲ့ရာမှ

SDRAM , DDR SDRAM , DDR (II) SDRAM , DDR(III) SDRAM

စတဲ့ Memory Chip တွေကို အဆင့်ဆင့်ပြောင်းလဲ သုံးစွဲ ကြပါတယ်..။

ကိုမင်းမင်း ( http://minminblog.multiply.com ) ရေးထားတဲ့ RAM အကြောင်းကို အတိုချုပ် ရေးမှတ်ထားခြင်းသာပါ ...။ နောက်ထပ်ဆက်ပါအုံးမယ်..။ ကိုမင်းမင်း ကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ် ...။မသိသေးတဲ့ ကျွန်တော်လို လူတွေ အတွက် နားလည် လွယ်နိုင်စေရန် ပြန်လည်ရေးမှတ်ထားခြင်းသာပါ...။

အဆင်ပြေကြပါစေ


မျိုးကိုကို

freshest5@gmail.com
Technique & Translate
8JAN2012-004

www.nayzawlin.com

myokokyaw@nayzawlin.com

http://myokokyaw.blogspot.com/
Share this article :

1 comments:

Anonymous said...

ဆရာ သမားရေ လာရောက်လေ့လာ သွားပါတယ် ဒီထက်မက အောင်မြင် တိုးတက်ပါစေနော်....

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။