မလေးရှားနိုင်ငံ ဒန်ကယ်လ်မြို့နယ်ရှိ ဓမ္မနုဓမ္မပဋ္ဋိပန္နသိမ်တော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ဖိတ်ကြားလွှာ
မလေးရှားနိုင်ငံ ဒန်ကယ်လ်မြို့နယ် (DENGKIL) ရှိဖားအောက်တောရ ဗုဒ္ဓသာသနာပြုရိပ်သာ ဓမ္မဝိဟာရကျောင်းရှိ တည်ဆောက်ပြီးစီးသွားသော ဓမ္မနုဓမ္မပဋ္ဋိပန္နသိမ်တော်ကြီးအား ဖားအောက်တောရ ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ ၏သြဝါဒကို ခံယူ၍ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂည နှင့် သံဃာတော် အရှင်သူမြတ်များ ဦးဆောင်ကာ စေတနာရှင်
ဓမ္မ္မမိတ်ဆွေများမှ သိမ်ရေစက်ချ မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ကျွန်ုပ်တို့နှင့်အတူ ရေစက်ချ တရားတော် နာယူနိုင်ရန်အတွက် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် နိဗ္ဗန်အကျိုးမျှော်ကိုး၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အချိန် ။ နံနက် (၇) နာရီမှ ညနေ (၄) နာရီ အထိ
နေ့ရက် ။ ၁၀.၆.၂၀၁၂ တနင်္ဂနွေနေ့
နေရာ ။ Dhamma Vi၏jaya-BMSM Meditation and Retreat Centre, Lot 850m Jalan Besar,Kg Sg Buah Luar, 43800 Dengkil,Selangor Malaysia
လမ်းညွန် ။ KTM ရထားစီးပြီး Bangi ဘူတာတွင်ဆင်းပါ။ ကျောင်းသို့ကားစီစဉ်ပေးမည်။
ဆက်သွယ်ရန်
ကိုလှထွန်း - ၀၁၀-၁၂၈၇ ၅၀၉
ကိုစိုး - ၀၁၂-၉၃၄၁ ၈၉၄
ကိုရွှေဦး - ၀၁၆-၃၄၈၄ ၅၇၆
Taxi Phone : 017,3511 380, RM-10 ဖြင့်သွားနိုင်ပါသည်။

♪♫♪ News & Information Online Radio Media (Malaysia) ♪♫♪
0 comments:
Post a Comment