Home » , » ဗေဒင်ယုံတဲ့ အင်ဂျလီ နာဂျိုလီ

ဗေဒင်ယုံတဲ့ အင်ဂျလီ နာဂျိုလီ

Written By မောင်စေတနာ on Monday, June 11, 2012 | 3:45:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-I1NxOcv_c6WtdP95fhD5Eh-YBOyMIUZx-Cflmdt-NLorXnABn7VuwgWoD9wE4Kga4yRjJKy1lmaMLZaBEOVEDlUBvo_hyi4MYJipcu91sMR0H4-5FAiaQcNMtSMwmql2dh1Jp3btyuEu/s400/406678540.jpg

ကမ္ဘာကျော် မင်းသမီး အင်ဂျလီ နာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ မင်္ဂလာ လက်ထပ်ပွဲ ရက်ကို ဗုဒ္ဓဘာသာ ရဟန်းတော် တပါး၏ အခါပေးရွေးချယ်မှု အတိုင်း သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၁၀ ရက်နေ့၊ National Enquirer magazine ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြပါတယ်။

အသက် ၃၇ ရှိပြီဖြစ်တဲ့ ဂျိုလီဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့ အလုပ်အကိုင်တွေနဲ့ပတ်သက်တာတွေ လုပ်ကိုင်တဲ့ အခါ နက္ခတဗေဒင် နည်းပညာကို ယုံယုံကြည်ကြည်နဲ့ အရင်ကတည်းက အားကိုးပြီး နေ့ကောင်း ရက်မြတ် ရွေးချယ်တာ တွေကိုလုပ်ခဲ့တယ်လို့ သူနဲ့ နီးစပ်သူက ပြောထားပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwDJ6crKP-Y8Wfu83SSwzMTHFYUDIBaRZK5az4UftEY0Hb31xFBq5NEhTVVqp8PZe800tOWGHBGE5_mgO7h7QHEEUtzm9lBE7M-Z39e6AUXl8jwmwBQM3cPZBAwz8DJgVcgf0x_wVNVtaP/s400/Angelina-Jolie-Brad-Pitt-267x400.png

ဂျိုလီက ကလေးတွေရဲ့ ကိစ္စတွေ၊ သူတို့ မောင်နှံရဲ့ ကိစ္စတွေနဲ့ ရုပ်ရှင်ရိုက်ကူးတာက အစ၊ ခရီးထွက်တာ အဆုံး၊ သူ့ ရုပ်ရှင် ဇာတ်ကား ရုံတင်မယ့် ရက်ပါမကျန် နက္ခတ ဗေဒင်ပညာနဲ့ ပြက္ခဒိန်များအရ စီမံလေ့ရှိတယ်လို့ သူနဲ့ နီးစပ်သူက ဆိုတာပါ။


ဓာတ်ပုံ- GettyImages

ဂျီလီဟာ အခု ဗုဒ္ဓဘာသာ ရဟန်းတော် ရွေးချယ်ပေးတဲ့ မင်္ဂလာနေ့ကောင်းရက်မြတ်ဟာ သူနဲ့ ဘရက်ပစ်တို့ရဲ့ အနာဂါတ် ခရီးဟာ သာယာ ကောင်းမွန်မယ်လို့ ယုံကြည်ထားတာလည်းဖြစ်ပါတယ်တဲ့။

မင်္ဂလာပွဲကိုတော့ Bahamas မှာ ကျင်းပမှာဖြစ်ပါတယ်လို့လည်း သတင်းများက ဆိုထားပါတယ်။

ဘရက်ပစ်ကတော့ ဂျိုလီရဲ့ သဘောတော်အတိုင်းပါဘဲလို့ဆိုပါတယ်။ သူတို့ဟာ ကလေး ၆ ယောက်နဲ့ ၈ နှစ်လောက် ပေါင်းသင်းလာပြီးမှာ အလောတကြီး မင်္ဂလာဆောင်ဖို့မလိုတာကို သူတို့ ၂ ယောက်လုံး နားလည်ထားပြီးဖြစ်တဲ့အကြောင်း လည်း နီးစပ်သူက ဆိုပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။