Home » , » မလေးရှားနိုင်ငံမှ ဓမ္မာနုဓမ္မပဋ္ဋိပန္န သိမ်တော်ကြီး ရေစက်ချပွဲ အခမ်းအနား ဓာတ်ပုံများ

မလေးရှားနိုင်ငံမှ ဓမ္မာနုဓမ္မပဋ္ဋိပန္န သိမ်တော်ကြီး ရေစက်ချပွဲ အခမ်းအနား ဓာတ်ပုံများ

Written By မောင်စေတနာ on Tuesday, June 12, 2012 | 10:55:00 PM



မလေးရှားနိုင်ငံ ဒန်ကယ်လ်မြို့နယ် (DENGKIL) ရှိဖားအောက်တောရ ဗုဒ္ဓသာသနာပြုရိပ်သာ ဓမ္မဝိဟာရကျောင်းရှိ တည်ဆောက်ပြီးစီး သွားသော ဓမ္မာနုဓမ္မပဋ္ဋိပန္န သိမ်တော်ကြီးအား ဖားအောက်တောရ ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ ၏ သြဝါဒကို ခံယူ၍ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂည နှင့် သံဃာတော် အရှင်သူမြတ်များ ဦးဆောင်ကာ စေတနာရှင် ဓမ္မ္မမိတ်ဆွေများမှ သိမ်ရေစက်ချ မင်္ဂလာ အခမ်းအနားကို 10.6.2012 တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခုလိုမျိုးပေါ့နော် .... မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာ ထွန်းကားတယ် ဆိုတော့ အရမ်းကိုဝမ်းသာမိပါတယ်။ ဆရာတော်ကလည်း ကျွန်မတို့ရဲ့ မြို့နယ်ကဆိုတော့ လာကြတဲ့ လူတွေထဲမှာ မွန်လူမျိုးများတာပေါ့။ ကျွန်မတို့ အခုလို လာရောက်ပြီး အလှူဒါနတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ရတဲ့အတွက် အရမ်းကို ဝမ်းသာ ပီတိဖြစ်မိပါတယ်။ နောက်နောင်လည်း အခုလိုမျိုး ဘာသာရေး ကိစ္စတွေကို ကျွန်မတို့ တတ်အား သရွေ့လုပ်သွားမှာပါဟု သိမ်တော်ကြီးဖွင့်ပွဲသို့ ရောက်လာပြီး အလှူဒါန ပြုလုပ်တဲ့ မစမ်းစမ်းက ပြောပြပါတယ်။

တည်ဆောက်ပြီးစီးသွားသော ဓမ္မာနုဓမ္မပဋ္ဋိပန္န သိမ်တော်ကြီး ဖွင့်ပွဲ အခမ်းအနားကို နံနက်ပိုင်း ၇ နာ၇ီအချိန်မှာ စတင်ခဲ့ပါတယ်။ ဖားအောက်တောရ ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ မှတရားတော်များ ဟောကြားပေးပြီး အခမ်းအနား အစီအစဉ်များကို ဗုဒ္ဓဘာသာဓလေ့အတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

နံနက် ၁၁ နာရီအတွင် ဆွမ်းဆန်စိမ်းလောင်းလှူမဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါသည်။ ဓမ္မနုဓမ္မပဋ္ဋိပန္နသိမ်တော်ကြီး ဖွင့်ပွဲအခမ်းအနားမှာ တရုတ်လူမျိုးများနှင့် မြန်မာလူမျိုး မွန်လူမျိုးအများစု လာရောက်ပြီး မလေးရှားနိုင်ငံ အတွင်းမှာ ပရဟိတ အဖွဲ့အစည်းများလည်း ပါဝင်ပြီးလိုအပ်တဲ့ နေရာများမှ ကူညီ လုပ်ဆောင်ပေးနေမှုများကို တွေ့ရပါတယ်။

အခုလို သိမ်တော်ကြီး ဖွင့်ပွဲအတွက် စည်စည်ကားကား အဖက်ဖက်မှ အလှူဒါနများ ပြုလုပ်နေသည်ကို တွေ့ရှိရပြီး မလေးရှားနိုင်ငံရောက် တရားဘာဝနာ အားထုပ်လိုသော ရွှေမြန်မာများအတွက် ဖားအောက်တောရ ဓမ္မဝိဟာရကျောင်းသို့ သွားရောက်၍ တရား အားထုပ်နိုင်ပါကြောင်း သိရှိရပါသည်။

တည်ဆောက်ပြီးစီးသွားသော ဓမ္မာနုဓမ္မပဋ္ဋိပန္န သိမ်တော်ကြီး ဖွင့်ပွဲမှတ်တမ်း ဓာတ်ပုံများကို ကျွန်တော်တို့ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာမှ ကိုယ်တိုင်သွားရောက်ပြီး မှတ်တမ်း တင်လိုက်ရပါသည်။




ဖားအောက်တောရ ရိပ်သာ ဓမ္မဝိဟာရကျောင်း အဝင်



သိမ်ကျောင်းကြီး နံဘေးမှ ဗောဓိညောင်ပင်



ဘုန်းကြီးကျောင်း အတွင်း ရေကန်ထဲမှ ကြာပန်များ



တရားတော်နာယူနေကြသော ပရိတ်သတ်များ



အသစ် ဆောက်လုပ်နေသော သိမ်တော်ကြီး



ကြွရောက်လာသောဧည့်ပရိတ်သတ်များကို ဧည်ခံ ကျွေးမွေးနေသောနေရာများ



စုပေါင်း အမှတ်တရ ဓာတ်ပုံ အတူတူ ရိုက်ကြစဉ်



ဆွမ်းဆန်စိမ်း လောင်းလှူစဉ် အမှတ်တရ



မလေးရှားနိုင်ငံမှ ဓမ္မာနုဓမ္မပဋ္ဋိပန္န သိမ်တော်ကြီး ရေစက်ချပွဲ အခမ်းအနား အင်တာဗျူး အစီအစဉ်များကို ကျွန်တော်တို့ရဲ့ အွန်လိုင်း ရေဒီယိုကနေ အသံလွင့်ပေးသွား ဖြစ်ပါတယ်။



♪♫♪ News & Information Online Radio Media (Malaysia) ♪♫♪
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။