ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လ၀က ရုံးမှ သည် ဒေသခံ အိမ်ထောင်စုစရင်း ပျောက်ဆုံးသူများကို အသစ်ပြန်လုပ်ပေးဖို့ ကြံ့ကြာနေကြောင်းသိရပါသည်။
နမ့်ခမ်းမြို့ နယ် နောင်စန့်ကုန်းကျေးရွာမှ အိမ်ထောင်ဦးစီး ဒေါ်သန်းကြည် အမည်ဖြင့် အိမ်ထောင်စု စာရင်းပျောက်ဆုံးခဲ့သည်မှာ ကြာခဲ့ပါပြီ။ အသစ်ထုတ်ပေးဘို့နှင့် ၄င်း အိမ်ထောင်စုဝင် တစ်ဦး ရန်ကုန်သို့ ပုံစံ( ၁၀ ) ဖြင့်ပြောင်းရန် လုပ်နေသည်မှာ တစ်လ နီးပါးရှိပေမဲ့ ခုထိ လုပ်မပေးသေး ပါကြောင်း မိသားစုဝင် တဦးက Myanmar News Now ကိုပြောပြပါသည်။
ထိုထက်သာမက အသက် ၃၇ နှစ်ရှိသော အိမ်ထောင်စုဝင်တစ်ဦးလည်း မှတ်ပုံတင်မရှိသေးပါဟု ဆိုသည်။
နမ့်ခမ်းမြို့  လ၀က တစ်ရုံးလုံးက ငွေရသော တရုတ်နိုင်ငံကူးလက်မှတ် အတွက်ကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး ၊ ဒေသခံများ၏ အမှု့ ကိစ္စများကို တော့ ဟိုရွှေ့ ဒီရွှေ့  ရက်တွေ ချိန်း၊ ဟိုလူဆီပို့ ဒီလူဆီပို့နှင့် စာရိတ်ထောင်း နေကြောင်း နမ့်ခမ်းမြို့  ခံတဦး က Myanmar News Now ကို ပြောပြပါသည်။

Source by :http://www.thithtoolwin.com/
0 comments:
Post a Comment