Home » , » အာမခံလုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေး

အာမခံလုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေး

Written By မောင်စေတနာ on Monday, May 14, 2012 | 10:34:00 AM

http://www.yoyarlay.com/images/yyl/2012/5/12/7days_12_2.jpg

အာမခံလုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေးနှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး ပုဂ္ဂလိကလုပ်ငန်းရှင် များကို လုပ် ကိုင်ခွင့်ပြု မည့်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက် ထားသည့် လုပ်ငန်းရှင်များသည် လုပ်ငန်းထည့် ဝင်မည့် မတည်ရင်းနှီးငွေကျပ် သန်းပေါင်း လေးသောင်းခြောက်ထောင် ကန်ဒေါ်လာသန်း ၅၀) ရရှိ မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ် စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်း သိန်းကပြောသည်။ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပေးသော အာမခံလုပ်ငန်း ၆ မျိုး ကို လုပ်ကိုင်ခွင့် အာမခံ လုပ်ငန်း ၅၁ မျိုးကို မြန်မာအာမခံလုပ်ငန်းက တာဝန် ယူလုပ်ကိုင်ဦးမည် ဖြစ်သည်။

ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရ သော အာမခံလုပ်ငန်းခြောက် မျိုးမှာ မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသာလုံခြုံမှု အာမခံ၊ သမာ ဓိအာမခံ၊ အသက်အာမခံ တို့ ဖြစ်သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များ အား အာမခံလုပ်ငန်း ၆ မျိုးတွင် လာရောက်ရင်း နှီး မြှုပ်နှံရန်မြန်မာ အာမခံလုပ်ငန်း က မေ ၁ ရက်က စတင်ပြီး တင်ဒါခေါ်ယူထားသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ တင်ဒါ ခေါ်ယူခြင်း ၊ စစ်ဆေးခြင်းနှင့် လုပ်ကိုင်ခွင့် စတင်ပြုပေးခြင်းတို့သည် စု စုပေါင်း သုံးလကြာမြင့်မည်ဖြစ် သည်။

ယင်းသို့ လုပ်ငန်းစိစစ်မှု ကြာမြင်ရခြင်းနှင့် ငွေကြေးပမာ ဏအမြောက်အမြား မတည်ရင်း နှီးငွေပြခိုင်းရခြင်းမှာ အာမခံလုပ်ငန်းသည် မသမာသူများ လိမ် ၍ ကောင်းသည့် လုပ်ငန်းဖြစ်သော ကြောင့်ဖြစ်ကြောင်း၊ မတည်ရင်း နှီးငွေနှိမ့်နေပါက အာမခံလုပ်ငန်းများ ပိုမိုများပြားစွာ ပေါ်ပေါက် လာပြီး မသမာမှုများ ရှိနိုင်ခြင်းကြောင့် စိစစ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ အတွင်းရေးမှူးဒေါက် တာမောင်မောင်သိမ်းက ပြော သည်။

ရင်းနှီးမြှုပ်နှံမည့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် တင်ဒါ လျှောက်ထားစဉ်ယင်း ရင်းနှီးမည့် ငွေပမာဏအတွက် သက်သေ အ ထောကအ် ထားဖြင့်လျှောက် ထား နိုင်ကြောင်း လျှောက်ထားသော ကုမ္ပဏီသည် လုပ်ငန်းလုပ်ကိုင်ခွင့် ကျလာပါက ငွေပမာဏပြသရ မည်ဖြစ်ပြီးမြန်မာ့ စီးပွားရေးဘဏ် တွင် ငွေသွင်း ရမည်ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကျလာသော ကုမ္ပဏီသည် တစ်နှစ်လုပ်ငန်းလည်ပတ်ပါက ဘဏ်တွင်ထည့် သွင်းထား ရသော မတည် ရင်းနှီးငွေမှ ၆၀ ရာခိုင်နှုန်း ကို မြန်မာအာမခံ လုပ်ငန်းမှထုတ် ပေးမည်ဖြစ်သည်။

ဘဏ်အကောင့်တွင် ကျန်ခဲ့သော ၄၀ ရာခိုင်နှုန်းရှိသည့် ငွေကြေးပမာဏသည် ဘဏ်အတိုးရမည် မဟုတ်ကြောင်း ငွေကြေးလိမ်လည်မှုရှိ သော မသမာ သည့် ပုဂ္ဂလိကအာ မခံလုပ်ငန်းရှင်ကို စိစစ်တွေ့ရှိပါက ဘဏ်အကောင့်တွင် ကျန်ရှိ သော ၄၀ ရာခိုင်နှုန်းကို ထုတ်ပေး မည်မဟုတ်ဘဲ အစိုးရပိုင်သိမ်း ဆည်း မည်ဖြစ်ကြောင်း ကြီးကြပ် စစ်ဆေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကပြောသည်။ ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ငန်းရှင်များသက်ဆိုင်ရာ အာမခံ လုပ်ငန်းလိုက်၍ ကောက်ခံ မည့်နှုန်းထားနှင့် ပေးလျော်ရမည့် နှုန်းထားများကို မြန်မာအာမခံ လုပ်ငန်းက ချမှတ်ပေးမည်ဖြစ်သည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကအာမခံ လုပ်ငန်း ၇၅ ခုရှိခဲ့သည်။ ယင်းပုဂ္ဂ လိကကုမ္ပဏီ ၇၅ ခုအနက် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ခုနစ်ခုရှိခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန် ကောင်စီအစိုးရတက်လာပြီး နောက်ပိုင်း ပုဂ္ဂလိက အာမခံ လုပ် ငန်းများကို ပြည်သူပိုင်သိမ်းယူခဲ့ သည်။ ယင်းနှစ်နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်းတစ်ခုတည်းသာရှိသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။