Home » , » ဆံနွယ်များအတွက် စွမ်းအင်ပြည့် အစာ ၆မျိုး

ဆံနွယ်များအတွက် စွမ်းအင်ပြည့် အစာ ၆မျိုး

Written By မောင်စေတနာ on Monday, April 30, 2012 | 11:17:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipqW736F17RBzCLM5zIfyxT038wJrZfdVtceAvFimwd22cdRi3f5OY17dxYxY-AoamterAdnI7StBHOYXx0GhWLTxHNN7GCM-3TisMuxOVPLAa9mllIccSMi0duD2m_-xHFUEP59ukVXU/s400/000+saw+hlaing+nld+%25281%2529.JPG
Fancy Cake

ကျွန်မတို့မိန်းမသားများအတွက် အလှအပထိမ်းသိမ်းရာမှာ ဆံမျှင်လေးများရဲ့တန်ဖိုးဟာ နံပါတ်တစ်လို့ ဆိုနိုင်ပါတယ်။ မိန်းမတို့ ဘုန်း ဆံထုံး ဟုရှေးယခင် မင်းများလက်ထက်ကတည်းက စာဆိုကျော်များက သတ်မှတ်ခဲ့ကြရာမှာ ယခုထိအသက်ဝင်ရှင်သန်နေဆဲ ဆောင်ပုဒ်လေးများပင် ဖြစ်ပါသည်။ Vitamin B, Vitamin A, Vitamin E, Iron ,Zinc , Folic Acid and Protein များပါဝင်သော အစားအစာများသည် ဆံနွယ်များလှပမှု အတွက် အဓိကအထောက်ကူပြုစေနိုင်သော အစားအစာများပင်ဖြစ်ပါသည်။ ထိုအစားအစာများအများဆုံးပါဝင်သည့် စွမ်းအင်ပြည့် အစားအစာ ခြောက်မျိုးကို စာဖတ်ချစ်သူ၊ အလှအပကြိုက်တတ်သူများအတွက် ရေးသားပေးလိုက်ပါတယ်။

၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။

၂။ Salmon (ဆော်မွန်ငါး)



Salmon ငါးကြောင့်ရရှိနိုင်သော ဗီတာမင်များမှာZinc ဟုခေါ်သောသံဓါတ်၊ Omega 3 (Essential Fatty Acid) တို့ဖြစ်ပြီး ၄င်းတို့မှ ခန္ဓာကိုယ်အတွက် လှပသောအသားအရေနှင့် သန်မာစေသော ဆံသားများအား ရရှိစေနိုင်ပါသည်။ Omega 3 ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သော အက်ဆစ်တမျိုးမှ ဆံပင်များရှင်သန်ခြင်းနှင့် ဆံပင်များကျွတ်ခြင်းမှကာကွယ်ပါသည်။ နောက်ထပ်ရနိုင်သော ဗီတာမင်မှာ Vitamin B3 အမျိုးအစား ဖြစ်သော Niacin ပဲဖြစ်ပြီး ဆံပင်ပါရှိသော ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဆော်မွန်ငါးရဲ့နောက်ထပ် အားဖြည့်ခြင်းတစ်ခုက အမဲသားကဲ့သို့ ဗီတာမင်အပြည့်အ၀ရှိစေသဖြင့် အမဲသားမစားသော မမလေးများအတွက် အသားအရေ စိုပြေခြင်းကို ဆော်မွန်ငါးမှရရှိစေနိုင်မှာဖြစ်ပါတယ်။

၃။ကြက်ဥ၏ အနှစ်



ကြက်ဥအနှစ်ကတော့ ဗီတာမင် Vitamin B7 အုပ်စုဖြစ်တဲ့ Biotin ၊ Vitamin B5 အုပ်စုဖြစ်တဲ့ Pentatonic Acid ၊ Vitamin B6 အုပ်စုဝင် Pyridoxine ၊ Vitamin B12 အုပ်စုဝင် Cobalamin နှင့် ဗီတာမင် Vitamin A တို့ပါဝင်ပါတယ်။ ဆံပင်များအား ကြက်ဥနှစ်ဖြင့်ပေါင်းတင်ပါက မည်းနက်သန်စွမ်းစေပြီး ပျော့ပျောင်းစေတယ် လို့ရေးသားကြပါတယ်။ ထို့ကြောင့် အချိန်ကုန်ခံ ပေါင်းတင်မနေတော့ပဲ ကြက်ဥအနှစ်ကို ခပ်များများသာ စားလိုက်ကြစို့နော်။ ထို့ပြင်ကျိုးပဲ့ပျက်စီးခြင်း ဆံသားနှစ်ခွဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

၎။Almond (သစ်စေ့တစ်ခုမှရသောအစေ့)



ဗီတာမင် Vitamin A ၊ Vitamin E ၊ Vitamin B1, B2, B6 ကြွယ်ဝသော Almond သစ်စေ့သီးများဟာ စိမ့်သက်သက်အရသာရှိပြီး ဆံပင်သားများကိုလဲခိုင်မာစေပါတယ်။ ထို့ကြောင့် တီဗွီကြည့်ရင်းစားစား၊ ကျောင်းသွားရင်းပဲစားစား live food တစ်ခုအနေနဲ့ရွေးချယ်စေလိုကြောင်း။

၅။ Carrot (မုန်လာဥနီ)



မုန်လာဥနီမှာ Vitamin A အကြွယ်ဝဆုံးဖြစ်ပြီး ဦးရေပြားနှင့် ဆံသားတောက်ပမှုအတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ပါတယ်။

၆။ Spinach (ဟင်းနုနွယ်ရွက်)



Vitamin C , Iron နှင့် Folic Acid ကြွယ်ဝသော ဟင်းနုနွယ်ရွက်မှ ဆံပင်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်ပြန်လည် မွေးဖွားခြင်းကိုလဲပြုလုပ် လုပ်ဆောင်ပါတယ်။ ထို့ကြောင့် သက်သက်လွတ်စားမယ်ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကိုပဲအကြံပေးပါရစေ။ ဒါမှ ထိပ်ပြောင်သူများနဲ့ ဆံပင်ခပ်ထူထူလေးများလိုအပ်သော မမများအတွက် အကျိုးလဲရ သက်လဲသာတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ၀ယ်ယူစားသုံးကြပါစို့လို့ ။

ညွှန်း - http://fancycake-beauty.weebly.com/


Source by :http://www.irrawaddyblog.com/2
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။