Home » , , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၅)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၅)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:50:00 PM



တောင်ငူ ကြားဖြတ်ရွေးကောက်ပွဲ မြင်ကွင်းများ မန္တလေး မဟာအောင်မြေ၌ NLD အပြတ်အသတ် အနိုင်ရရှိဟုဆို

မန္တလေး၊ ဧပြီ ၁ ( 6 : 26 )

မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် မဟာအောင်မြေမြို့ နယ် မဲရုံပေါင်း ၇၉ ရုံတွင် မဲရုံ ၇၀ ၏ မဲများကိုရေတွက်ပြီးစီးခဲ့ပြီ ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ နေရာ၌ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲ မဲဆန္ဒနယ်၌ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွား

ပုလဲ၊ ဧပြီ ၁ ( 6 : 05 PM )

စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့ နယ်ရှိ ညောင်တုန်း ကျေးရွာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်း ရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ယမန် ( မတ်လ ၃၁ ) ရက်နေ့ညက ပုလဲမြို့ နယ် ညောင်တုန်းကျေးရွာရှိ ဗီဒီယို ရုံတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လုပ်ကြံ ရိုက်ကူးထားသော ဗီဒီယိုအား ပြသခဲ့ရာ NLD ပါတီဝင် လူငယ်များက သွားရောက် မပြသရန် တားမြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် လူငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်တစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။

ဒဂုံဆိပ်ကမ်းတွင် NLDကအနိုင်သေချာဟုဆို
ရန်ကုန် ဧပြီ ၁ (6:10)
ဒဂုံဆိပ်ကမ်းမြို့နယ် NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း ဒေါက်တာမျိုးအောင် ပြတ်သားသော ရလဒ်ဖြင့် အနိုင်ရရှိသွားပြီဖြစ်၍ ယုဇန ဥယျာဉ်မြို့တော်တွင် NLD ကို ထောက်ခံသူများ အောင်ပွဲ ခံနေကြ သည်ဟု မြို့နယ် အောင်နိုင်ရေးကော်မတီဝင်တစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

ယခုသတင်းရေးသားချိန် ၆ နာရီ ၁၁ မိနစ်အထိ ရပ်ကွက် နှစ်ခုနှင့် ရွာတစ်ရွာ တို့မှ ရလဒ်ကို မရသေးသော် လည်း ကျန် ကျေးရွာနှင့် ရပ်ကွက် ၁၃ ခုတွင် NLD က အနိုင်ရရှိထားပြီး မဲဆန္ဒနယ် တစ်ခုလုံးရှိ စုစုပေါင်း မဲ၏ ၆၅ ရာခိုင်နှုန်းကို ရထားပြီဖြစ်ရာ သေချာသွားပြီဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း NLD ရုံးအဖွဲ့မှူး ဦးထွန်းဝက ဆိုသည်။
The Voice Weekly

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။