Home » , , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၁)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၁)

Written By မောင်စေတနာ on Monday, April 2, 2012 | 10:05:00 AM

ပြည်ခိုင်ဖြိုးပါတီ ၀ဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ၀င်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေမှာ NLD ၆၀ % ပြည်ခိုင်ဖြိုး ၄၀ % ရပ်တည်လျှက်ရှိသည်ဟု နောက်ဆုံးရသတင်းအဖြစ် သိရှိရသည်။

မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံတွင် NLD ပါတီ ကိုယ်စား လှယ်လောင်း ဒေါ်မေ၀င်းမြင့်မှ မဲ ၆၀၀ကျော် ကွာဟမှု ဖြင့် အနိုင်ရ ရှိနေကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်တွင်း မဲရုံ ၃၈ ရုံရှိသည့် အနက် ၈ရုံမှာ လတ်တလော NLD အနိုင်ရရှိနေသည်ဟု NLD အသိုက် အ၀န်းက Popular News သို့အခိုင်အမာ သတင်းပေးပို့ပြောဆိုလိုက် သည်။

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်း အနိုင်ရ ပါတီမဲစာရင်းကို ထုတ်ပြန်ကြေငြာ ထားခြင်းမရှိသေးသော်လဲ NLD ပါတီမှ နေရာအတော်များများတွင် အသာရနေသည်ဟု NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူ၏ အဖွဲ့ဝင်တစ်ဦးမှ Popular News အားသတင်းပေးပို့သည်။


မဟာအောင်မြေမြို့ နယ် ရှိ မဲရုံ ၁၀ တွင် NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် သာ အနိုင်ရရှိကြောင်း ထပ်မံသိရသည်။


ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၂) ရပ်ကွက် မဲရုံအများစုတွင် NLD မှ အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရသည်။


မြင့်မိုရ်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။

မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၈၁၆ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ
တစည ပါတီ - ၁၇ မဲ
NDF - ၉ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ


တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ
တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ


ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။

ရဲမွန်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။

မဲစာရင်းရလာဒ်မှာ

NLD ပါတီ - ၈၁၆ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ
တစည ပါတီ - ၁၇ မဲ
NDF - ၉ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ

တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ
တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ

ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။

ရဲမွန်တောင် မဲရုံ အမှတ် ၃ တွင် မဲပေးခွင့်ရှိသူ ၁၉၉၉ ဦးရှိသည့် အနက် ၈၉၈ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ မရှိကြောင်းသိရသည်။

မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၇၅၃ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၆၃ မဲ
တစည ပါတီ - ၁၁ မဲ
NDF - ၇ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ

ပယ်မဲများမှာ ၅၅ မဲရှိကြောင်းသိရသည်




မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံရှေ့မြင်ကွင်း

Popular Myanmar News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။