ပုလဲတွင် NLD ပါတီ အနိုင်ရရှိ
ပုလဲ၊ ဧပြီ ၁၊ (10 PM)
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဒေါ်ခင်ဆန်းလှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်ကို ဆန္ဒမဲ လေးသောင်းကျော်ဖြင့် အနိုင်ရရှိ ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါမဲဆန္ဒနယ်တွင် သွားရောက်သတင်းယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့်သည်။
ပုလဲမြို့နယ်ရှိ မဲဆန္ဒနယ်ပေါင်း ၈၁ရုံတွင် မဲရွေတွက်ပြီးစီးခဲ့ပြီဖြစ်သည်။
ပုလဲမဲဆန္ဒနယ်မှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ပြိုင်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း အနို်င်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်ခဲ့သည်။
-------------------------------
နေပြည်တော် မဲဆန္ဒနယ်များ အားလုံး NLD အနိုင်ရရှိ ဟုဆို
နေပြည်တော်၊ ဧပြီ ၁ ( 8 : 56 )
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ရှိ မဲဆန္ဒနယ် လေးနယ်လုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ NLD ပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်စန္ဒာမင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
နေပြည်တော် ဇမ္ဗူသီရိ မဲ ဆန္ဒနယ်တွင် ၈၈ မျိုးဆက် ကျောင်းသူတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ဆန္ဒမဲ ငါးထောင်ကျော်ဖြင့် ၎င်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်တွင် ဦးမင်းသူ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း
ဦးလှသိန်းဆွေ အား ဆန္ဒမဲ ခုနှစ်ထောင် နီးပါဖြင့်၎င်း၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဦး ဖြိုးဇေယျာသော်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးသာဌေးအား ဆန္ဒမဲ နှစ်ထောင်ကျော်ဖြင့် ၎င်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား ဆန္ဒမဲ သုံးထောင့်နှစ်ရာအကွာဖြင့်၎င်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းကဆိုသည်။
The Voice Weekly
------------------------------------

----------------------------------
Source by :http://www.thithtoolwin.com
မကွေးတိုင်း မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း
ပဲခူးတိုင်း(အရှေ့) သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဦး
ပဲခူးတိုင်း (အနောက်) လက်ပံတန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ထန်းတပင် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းဦး ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင်တို့ အနိုင်ရရှိကြောင်း သိရပါသည်။
Burma VJ Media Network

0 comments:
Post a Comment