Home » , » ကြံ့ခိုင်ရေး မဲဆွယ်ယာဉ်တန်း ဖိနပ်ဖြင့်ပေါက်ခံရ

ကြံ့ခိုင်ရေး မဲဆွယ်ယာဉ်တန်း ဖိနပ်ဖြင့်ပေါက်ခံရ

Written By မောင်စေတနာ on Sunday, April 1, 2012 | 5:47:00 AM

ဓာတ်ပုံများ နှင့် သတင်း - မန်းသားလေး/ဧရာဝတီ

ယမန်နေ့ ညနေ ၅ နာရီခန့်က မန္တလေးတွင် မဲဆွယ်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

၃၅လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားရှိ မြတောင်ဘုန်းကြီးကျောင်းရှေ့ အရောက်တွင် ကားတစီး စက်ချို့ယွင်းသွားသည့် အတွက် ယာဉ်တန်း ခေတ္တ ရပ်နားချိန်တွင် ကျောင်းအတွင်းရှိ သံဃာတချို့က ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့သည်။

ယာဉ်တန်းတွင် လိုက်ပါလာသူများက ထိုသို့ ပစ်ပေါက်ခြင်း မပြုရန် အသံချဲ့စက်ဖြင့် တောင်းပန်ရသည် ဆိုသည်။

မန္တလေးတွင် ကြံ့ခိုင်ရေးပါတီက ဖျော်ဖြေရေး ယာဉ်တန်းများဖြင့် မဲဆွယ်စည်းရုံးလျက် ရှိသော်လည်း ဒေသခံပြည်သူများက အားပေးကြခြင်း မရှိပေ။

ယာဉ်တန်းတွင် လိုက်ပါသည့် ဆိုင်ကယ် ကယ်ရီသမားများသည် စရိတ်ငြိမ်း ငွေကျပ်တစ်သောင်း ရရှိကြောင်း၊ ဆိုင်ကယ်များတွင် ပါတီ အမှတ်တံဆိပ် စတေကာများ ကပ်ပေးကြကြောင်း သိရသည်။

ယာဉ်တန်းကားပေါ်တွင် လိုက်ပါသူများ အတွက်လည်း ပါတီက စားစရိတ်ငြိမ်း စီစဉ်ပေးထားပြီး ငွေကျပ်သုံးထောင်စီ ပေးသည်ဟု ဆိုသည်။

ဆိုင်ကယ် ကယ်ရီသမားတချို့က ပိုက်ဆံ တစ်သောင်းယူပြီးနောက် ဆီထည့်မည်ဟု ဆိုကာ လစ်ထွက် သွားကြကြောင်း၊ ထိုနောက် ကြံ့ခိုင်ရေးပါတီတံဆိပ်ပါ စတေကာများခွာလိုက်ကြကြောင်း ဆိုင်ကယ်ကယ်ရီ သမားများထံမှ သိရသည်။





ဖျော်ဖြေရေးယာဉ်


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။