M ဆိုင်းလူ ဓာတ်ပုံနဲ့ လှနေတဲ့ The Ladies'
မတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ဝေတဲ့ အိမ်ရှင်မဂျာနယ် (The Ladies' ဂျာနယ်) မှာ အနုပညာရှင် ၉ ဦးရဲ့ မဲဆန္ဒ ဆိုပြီး ဖော်ပြထားပါတယ်။
၈ ဦးက NLD ကို မဲပေးမယ် တဲ့။ ၁ ဦးကတော့ နိုင်ငံရေးကို စိတ်မ၀င်စားတဲ့သဘော ဖြေထားပါတယ်။ သူကတော့ မေသန်းနု ဖြစ်ပါတယ်။
ဘယ်သူပဲတက်တက်ပေါ့နော် တဲ့။ အနုပညာသမားဆိုတော့လေ နိုင်ငံရေးအကြောင်းလည်း သိပ်မသိပါဘူး တဲ့။
သူ့အဖြေကို ရှေ့ဆုံးမှာ တင်ထားပါတယ်။ ကျန် ၈ ဦးအဖြေက သူ့နောက်မှာ လာပါတယ်။
အနုပညာသမား = နိုင်ငံရေးအကြောင်း သိပ်မသိဘူး ဆိုတဲ့ သူ့သီအိုရီ မှန်ရင်တော့ ဟို ၈ ယောက် ပြောတာတွေက မသိဘဲ လျှောက်ပြောထားတာတွေ ဖြစ်နေပြီပေါ့း)

ဒီ စာမျက်နှာကို စာပေစိစစ်ရေးဆရာကြီးတို့က ထုတ်ဝေခွင့်မပြုဘူး ဆိုပြီး Facebook မှာ ပြောသူတွေလည်း ရှိပါတယ်။The Ladies' ဂျာနယ် Facebook မှာတော့ ထုတ်ဝေခွင့် ပိတ် မပိတ် ရေးမထားပါဘူး။
Source by :http://www.irrawaddyblog.com/

.jpg?width=750)

0 comments:
Post a Comment