Home » , » ရန်ကုန်မြို့တွင် အလှည့်ကျ လျှပ်စစ်မီးပေး စနစ်ကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည် စတင်မည်

ရန်ကုန်မြို့တွင် အလှည့်ကျ လျှပ်စစ်မီးပေး စနစ်ကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည် စတင်မည်

Written By မောင်စေတနာ on Friday, March 30, 2012 | 2:07:00 PM



ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်ကို ၂၀၁၂ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။

အလှည့်ကျမီးပေးစနစ်တွင် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာပြီးနောက် ၆နာရီ ကြာမီးပြန်ပျက်သည့် စနစ်ဖြင့် အလှည့်ကျမီးပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူးဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ဧပြီလ ၂ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ A၊ B၊ C သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅နာရီကနေ ၁၁နာရီအထိ နှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁နာရီ အထိ နှစ်အုပ်စု၊ ည ၁၁နာ ရီကနေ မနက် ၅နာရီအထိ ၂အုပ်စုကို အလှည့်ကျမီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက်(၂၄နာရီ)မှာ မီး ၆နာရီလာ၊၆နာရီပြန်ပျက်၊ ၆နာရီပြန် လာ၊ ၆နာရီပြန်ပျက်တဲ့စနစ်မျိုးဖြစ်မှာပါ။၂၄နာရီ လျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။

အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံ ရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံတွေစတဲ့ အရေးကြီးနေရာတွေပါပါမယ်။ စက်မှုဇုန်တွေကိုတော့ နှစ်ပိုင်းခွဲပြီးမီးပေးပါမယ်။ မနက် ၆နာရီက ၁၁နာရီတစ်ပိုင်း၊ ၁၁နာရီက ညနေ ၄နာရီတစ်ပိုင်း ခွဲပြီးပေးမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ခန့်မှန်းခြေဇူလိုင်လအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။