ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားသူ၁၅၇ ဦးအနက်မှ ပဏာမရွေးချယ်သူ ၁၄ ဦးကိုထုတ် ပြန်ကြေညာခဲ့ကာ ဧပြီလ ၇ရက်နေ့ တွင် လူတွေ့စစ်ဆေးနိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
ပဏာမ အဆင့် လူရွေးချယ်ခြင်းကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားလာသူတွေထဲက ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ အားလုံး တိုင်ပင်ညှိနှိုင်းပြီး အနီးစပ်ဆုံးသူ ၁၄ ဦးကို ရွေးချယ်ထားပါတယ်။ အဲဒီ ၁၄ ဦးကို လူတွေ့စစ်ဆေးပြီး သွားမှ သရုပ်ဆောင်မယ့်သူကို ရွေးချယ်သွားပါမယ်။ ရွေးချယ်ပြီးသွားရင်တော့ ဗိုလ်ချုပ်ဇာတ်ရုပ် အဖြစ် သရုပ်ဆောင်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်သွားမှာပါ”ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ရှင်းပြခဲ့သည်။
ပဏာမ ရွေးချယ်ထားသူ ၁၄ ဦးမှာ ဖြိုးတေဇာလင်း(ဘီးလင်း မြို့)၊ အောင်မိုးမင်း(ဆွာမြို့)၊ သိန်း ဇော်(လှိုင်သာယာမြို့နယ်)၊ အောင်မင်းထွေး(တောင်ဒဂုံမြို့နယ်)၊ နေဦး (ခ)နန္ဒမိုး (မြင်းခြံမြို့နယ်)၊ တင်ဆွေထူး (လှိုင်သာယာမြို့နယ်)၊ မောင်ကျောက်ခဲ(ပြည်ကြီးတံခွန်မြို့နယ်)၊ အောင်ဘိုဘိုဇင်(မြောင်းမြမြို့နယ်)၊ ဗိုလ်ထွေး(ခ)ခင်မောင်ထွေး (ချောင်းဆုံ မြို့နယ်)၊ ဘုန်းမြင့်ဌေးမော်(ကမာရွတ်မြို့နယ်)၊ ပန်းချီကိုသူ(ခ) ကျော်နန္ဒ(လှိုင် သာယာမြို့နယ်)၊ ထိန်မျိုးလင်း(ခ)ထိန်လင်း(ဒေါပုံမြို့နယ်)၊ အောင်ချမ်း(လားရှိုးမြို့နယ်)၊ သက်ဇော်ဝင်း(ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်) တို့ ဖြစ် သည်ဟု သိရှိရသည်။
Source by :http://www.news-eleven.com/




.jpg?width=750)

0 comments:
Post a Comment