Home » , » ပြည်တွင်း အင်တာနက်

ပြည်တွင်း အင်တာနက်

Written By မောင်စေတနာ on Wednesday, March 28, 2012 | 6:50:00 PM



ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်

လာမည့်ဧပြီလ ၉ ရက်နေ့မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအနေဖြင့် အင်တာနက် Bandwidth စုစုပေါင်း 3.72 GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Sea-Me-We 3 မှ 3.2GB အား မတ်လ ၂၈ ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မြဝတီ(ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း)မှ 2.5 GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA မိုဘိုင်းတယ်လီဖုန်းများ စတင်ရောင်းချမည့် ဧပြီလ ၉ ရက်နေ့မတိုင်မီ အပြီးချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မိုဘိုင်းဖုန်းများ၌ အင်တာနက် အသုံးပြုရာတွင် WCDMA နှင့် EDGE စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

WCDMA စနစ်မှာ ( UMTS) စနစ် 3rd Generation Mobile Data စနစ်ဖြစ်ပြီး အမြန်နှုန်း 500KB မှ 2MB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း EDGE မှာ 2.5 G သာဖြစ်၍ အမြန်နှုန်း 80 KB မှ 130KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။