Home » , »  သြစတြေးလျတွင် ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရ၍ စိုးရိမ်မှုများ မြင့်တက်လာ

 သြစတြေးလျတွင် ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရ၍ စိုးရိမ်မှုများ မြင့်တက်လာ

Written By မောင်စေတနာ on Sunday, March 11, 2012 | 9:32:00 PM

http://www.news-eleven.com/images/stories/march12/bi/b29_19.jpg

ရေလွှမ်းမိုးခဲ့သော ၀က်ဂါဝက်ဂါမြို့ကို သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလာဒ် မတ်လ ၇ ရက်နေ့က ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုနေစဉ်

သြစတြေးလျရှိ မူရမ်ဘစ်ဂျီမြစ် ရေများမြင့်တက်လာကာ မြစ်ကမ်းဘေး၌ ကာရံထားသော ရေကာတာများ ကျိုးပေါက်လာတော့မည်ဖြစ်သောကြောင့် နိုင်ငံအရှေ့တောင်ပိုင်းရှိ ထောင်ပေါင်းများစွာသော ပြည်သူများသည် မတ်လ ၅ ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များအား စွန့်ခွာထွက် ပြေးခဲ့ရသည်။

မူရမ်ဘစ်ဂျီမြစ်သည် နယူးဆောက်ဝေးလ်ပြည်နယ်၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်ပြီး ယခုသီတင်းပတ် အတွင်းတွင် မြစ်ရေကြီးရေလျံမှု ကြောင့် နိုင်ငံအရှေ့ပိုင်းရှိ နယူး ဆောက်ဝေး၊ ကွင်းစ်လန်း၊ ဗစ်တိုးရီးယား ပြည်နယ် တို့ကို ထိခိုက်စေခဲ့ပြီး အိမ်ရာပေါင်းများစွာ ပျက်စီးခဲ့ရ၍ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။

နယူးဆောက်ဝေးပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်သော ၀က်ဂါဝက်ဂါ (Wagga Wagga)မြို့တွင် မတ်လ ၆ ရက်နေ့က လူ ၉၀၀၀ ခန့်ကို နေရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

''ရေကာတာကနေ ရေတွေဆက်မထိန်းနိုင်တော့ရင် မြစ်ရေတွေဟာ ၀က်ဂါဝက်ဂါမြို့ရဲ့ စီးပွားရေးအချက်အချာ CBD နေရာအပြင် အခြားနေရာတွေကိုပါ ရေလွှမ်းသွားနိုင်ပါတယ်''ဟု ဒေသဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာနမှ ကိုယ်စားလှယ် Dieter Geske က ပြောကြားခဲ့သည်။ မူရမ်ဘစ်ဂျီမြစ်ရေသည် ရေကာတာ၏ အမြင့်ဆုံးရေထိန်းသိမ်းနိုင်သော ၁၀ ဒသမ ၉ မီတာ(၃၆ ပေ) အထိ မြင့်တက်လာနိုင်သော ကြောင့် စိုးရိမ်နေကြရသည်။

မူရမ်ဘစ်ဂျီမြစ်သည် ၁၈၄၄ ခုနှစ်မှစ၍ ယခုကဲ့သို့သော မြစ်ရေကြီးမှုမျိုး မဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။ ယခုချိန်ထိရေကြီးမှုကြောင့် အိမ် ၂၄၀ ခန့် ပျက်စီးခဲ့ပြီး ဖြစ်သည်။

၂၀၁၁ ခုနှစ်အစောပိုင်းတွင်လည်း သြစတြေးလျအရှေ့ပိုင်း၌ ရေကြီးမှုများကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရကာ အိမ်ခြေထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ရ၍ ကွင်းစ်လန်းပြည်နယ်၏ မြို့တော်အပါအ၀င် နိုင်ငံနေရာအတော်များများ ရေလွှမ်းခံခဲ့ရသည်။

Ref:AFP


Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။