Home » , » ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိခဲ့သူများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဂုဏ်ပြုပွဲပြုလုပ်

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိခဲ့သူများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဂုဏ်ပြုပွဲပြုလုပ်

Written By မောင်စေတနာ on Sunday, March 11, 2012 | 8:29:00 PM

e4493

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ရရှိခဲ့သော ပြေတီဦးအား ဂုဏ်ပြုဆုချီးမြှင့်နေစဉ်

၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ဆွတ်ခူး ရရှိခဲ့သူများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဂုဏ်ပြုချီးမြှင့်ခြင်းကို မတ်လ ၃ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ၀င်္ကပါလမ်း အတွင်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက အဖွင့်နှုတ်ခွန်းဆက် စကား ပြော ကြားခဲ့ရာ၌ ‘‘မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးအနေနဲ့ အကယ်ဒမီ ထူးချွန်ဆုရရှိသူကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့် ခဲ့ပါတယ်။

ဒီနှစ်မှာလည်း အစဉ်အလာမပြတ် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုပွဲကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပြန်လည် ဖွဲ့စည်းတော့မှာ ဖြစ်တာကြောင့် အားလုံး ညီညီညွတ်ညွတ် စုစုစည်းစည်းနဲ့ စိတ်ဝမ်းမကွဲဘဲပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ မှာကြားလိုပါတယ်’’ ဟု ပြောကြားသွားခဲ့သည်။

e4493a

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သော သက်မွန်မြင့်အား ဂုဏ်ပြုဆု ချီးမြှင့်နေစဉ်

ဆက်လက်၍ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်ကို ပြုလုပ်ရာ ၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ဇာတ်ကားဖြင့် ဆွတ်ခူးခဲ့သည့် သရုပ်ဆောင်ပြေတီဦး၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ယင်းဇာတ်ကားဖြင့်ပင် ဆွတ်ခူးခဲ့သည့် သရုပ်ဆောင်သက်မွန်မြင့်၊ အကောင်းဆုံး ဇာတ်ကားဆု အဖြစ် ယင်းဇာတ်ကား၏ ထုတ်လုပ်သူ ခင်စန္ဒာမြင့်၊ အကောင်းဆုံး ဒါရိုက်တာဆုနှင့်

ဇာတ်ညွှန်းဆုရှင် ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကားဖြင့် ဆွတ်ခူးခဲ့သူ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုရှင် ဝေဠုကျော်၊ အကောင်းဆုံး ဓာတ်ပုံဆုရှင် ဒါရိုက်တာပန်းချီ စိုးမိုး၊ အကောင်းဆုံး တည်းဖြတ်ဆုရှင် ဦးမြင့်ခိုင်၊ ‘အမေ့ကျေးဇူးဆပ်ဖူး ချင်တယ်’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရှင် ၀ါဝါအောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုဆုများ ပေးအပ်ရာ၌ တစ်ဆုလျှင်ငွေကျပ် ၁၀ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဆုရရှိသူများ ကိုယ်စား သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးက အမှတ်တရ ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။


Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။