Home » , » မလေးရှား ၀န်ကြီးချုပ် ပြည်သူပိုင် ငွေနဲ့  သမီး စေ့စပ်ပွဲ လုပ်

မလေးရှား ၀န်ကြီးချုပ် ပြည်သူပိုင် ငွေနဲ့  သမီး စေ့စပ်ပွဲ လုပ်

Written By မောင်စေတနာ on Monday, March 19, 2012 | 1:29:00 AM

DK၊ ၊မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်သည် ယမန်နှစ်က ၄င်း၏၀န်ကြီးချုပ်နေအိမ်တွင် ကျင်းပခဲ့သည့် ငွေကြေးပမာဏ ကြီးမားစွာ ကုန်ကျခဲ့သော စေ့စပ်ပွဲ အခမ်းအနားတခုအတွက် ပြည်သူပိုင်ငွေများကို အသုံးပြုခဲ့သည်ဟု အတိုက်အခံ PKR ပါတီမှ စွပ်စွဲလိုက်သည်။ နာဂျစ်ဘ်နှင့် ၄င်း၏ဇနီးတို့သည် အလွန်အကျင့်ပျက်ခြ စားသည်ဟု နာမည်ဆိုးနှင့် ကျော်ကြားကြသူများဖြစ်ကြသည်။

ထိုကိစ္စအတွက် အထောက်အထားအဖြစ် ဟိုတယ်တခုမှ ဂုဏ်ပြုစားပွဲတခုအတွက် အမှာစာအား PKR ပါတီ၏ မဟာဗျူဟာရေးရာညွှန်ကြားရေးမှူး ရာဖီဇီရဲမ်လီမှ သတင်းထောက်များကိုပြသခဲ့သည်။

နာဂျစ်ဘ်အနေနှင့် (၂၀၁၁) ဇွန်လ (၁၇) ရက်နေ့တွင် ၄င်း၏သမီးဖြစ်သူနှင့် ကာဇက်စတန်နိုင်ငံသား ခင်ပွန်းလောင်းဖြစ်သူ ဒါနီယာနာဇာဘာယက်ဗ်တို့၏ စေ့စပ်ကြောင်းလမ်းပွဲအတွက် ရင်းဂစ် (၄၀၉၇၆၇) အကုန် အကျခံခဲ့သည်ဟု ရာဖီဇီမှပြောကြားခဲ့သည်။ ဒါနီယာနာဇာ ဘာယက်ဗ်သည်လည်း နာမည်ဆိုးနှင့်ကျော်ကြားသူ ကာဇက်စတန်အာဏာရှင် နာဆူလ်တန်နာဇာဘာယက်ဗ်နှင့်
နှီးနွယ်ပတ်သက်သူဖြစ်၏။

အဆိုပါ ငွေပမာဏတွင် VIP ဧည့်သည် (၃၆) ဦးအား သြစတြေးလျ ၀ါဂျူအမဲသား၊ ကမာကောင်တို့နှင့်ဧည့်ခံရသောကြောင့် ကုန်ကျစရိတ် ရင်းဂစ် (၁၈၇၉၂) နှင့် အခြားဧည့်သည် (၈၆၂) ဦးတို့အတွက် ရင်းဂစ် (၃၀၉၉၇၅) နှင့် ၀န်ဆောင်မှုစားရိတ် ရင်းဂစ် (၈၁၀၀၀) ခန့်တို့ဖြစ်သည်။

ရာဖီဇီမှ သတင်းထောက်များအား ပြသခဲ့သော အမှာစာတွင် မလေးရှားဝန်ကြီးချုပ်ရုံးမှ ငွေရှင်းမည်ဟု ရည်ညွှန်းထားခဲ့သည်။

ပြည်သူများအနေနှင့် ဧည့်သည်များအတွက်အကောင်းဆုံး ဂုဏ်ပြုထမင်းစားပွဲလုပ်ပေးချင်သောဝန်ကြီးချုပ်နှင့် ဇနီးဖြစ်သူတို့၏ လိုအပ်ချက်ကို နားလည်သည်ဟု PKR ရုံးချုပ်တွင် ရာဖီဇီမှသတင်းထောက်များသို့ပြောခဲ့သည်။

အခြားတဖက်၌မူ မလေးရှားဝန်ကြီးချုပ်အနေနှင့် ပြည်သူများအား ယခုလို စီးပွားရေးမကောင်းသောအချိန်တွင် ဈေးပေါသော 1 Malaysia စားသောက်ဖွယ်များ (Menu Rakyat 1 Malaysia) ကို စားခိုင်းနေပြန်၏။

သို့သော်လည်း သမီးဖြစ်သူ၏ စေ့စပ်ပွဲတက်လာကြကုန်သော ဧည့်သည်များအတွက်မူ သာမန်မလေးရှားပြည်သူများ အနေနှင့် စိတ်တောင် မကူးနိုင်ပဲ ဘုရင်များသာ စားတော် ခေါ်နိုင်မည်ဖြစ်သည့် ဟင်းပွဲများကို ရက်ရက်ရော ရောကျွေးနေပြန်လေသည်။

အဆိုပါစေ့စပ်ပွဲ အထိမ်းအမှတ်ညစာစားပွဲအတွက် ကုန်ကျစရိတ်အား ၄င်း၏၀န်ကြီးချုပ်ရုံးသို့ နာဂျစ်ဘ်မှပြန် လည်ပေးချေပြီးပြီလားဆိုသည်အား မိမိအနေနှင့် မသိရှိရသေးပဲ ၀န်ကြီးချုပ်နာဂျစ်ဘ်အနေနှင့် အများပြည်သူဆိုင်ရာ ၀န်ကြီးချုပ်ရုံးအား တံခါးပိတ်၍ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် အသုံးပြုရန် မသင့်တော်ဟု ရာဖီဇီမှဆိုသည်။

အကယ်၍နာဂျစ်ဘ် အနေနှင့် ထိုကုန်ကျစရိတ်အတွက် ပြန်လည်ပေးချေပြီးပြီဖြစ်လျှင်လည်း ထိုညစာစားပွဲအတွက် ကုန်ကျစရိတ်ပမာဏမှာ ရင်းဂစ် ငွေပမာဏ သန်းဝက်ခန့်ရှိနေ၍ ထိုငွေအား ၄င်းမည်သည့်နေရာမှ ရရှိသည်ကို သိရှိလိုပါသည် ဟုရာဖီဇီမှဆိုသည်။

မလေးရှား အခွန်ထမ်းပြည်သူတို့၏ ငွေများကို ၀န်ကြီးချုပ်နာဂျစ်ဘ်မှ အလွဲသုံးစားလုပ်နေခြင်းကို ထောက်ချင့်ခြင်းအားဖြင့် ခေါင်ကအစ မလုံသောကြောင့် မလေးရှားပြည်သူများ အနေနှင့် လက်ရှိ မလေးရှားအစိုးရ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအားပြင်းပြင်းထန်ထန်ရှိမည်ဟု မျှော်လင့်မထားသင့်ဟု ၄င်းမှဆိုသည်။

BN ခေါင်းဆောင်များတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာစောင့်စည်းထိန်းသိမ်းမှု (သို့) အကျင့်ပျက်ခြစားမှုအား အမှန်တကယ် ပပျောက်လို သည့်ရပ်တည်မှုတို့ ရှိမနေသောကြောင့် ၄င်းတို့အနေနှင့်ပြုပြင်ပြောင်းလဲရေးဟူ၍ ကြွေးကြော်နေသည်များမှာအဓိပ္ပာယ်သိပ်မရှိလှဟု ရာဖီဇီမှဆိုသည်။

လာမည့် လွှတ်တော် အစည်း အဝေးမှစပြီး နာဂျစ်ဘ်မှစ၍ အစိုးရခေါင်းဆောင်များ၏ အသုံး စရိတ်များနှင့် ပိုင်ဆိုင်မှုများကို တော်ဝင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ စစ်ဆေးရန် PRမဟာမိတ် အဖွဲ့မှ တောင်းဆိုရန် ရည်ရွယ် ထားသည်ဟုရာ ဖီဇီမှ ဆက်လက်ပြောကြားသည်။

“ အကျင့် ပျက်ခြစားမှုတွေမှာ ထိပ်ဆုံးအဆင့်ခေါင်းဆောင်တွေပါ ပါနေလေတော့ ကျနော်တို့ အနေနဲ့မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် (MACC) သို့မဟုတ် ရဲတပ်ဖွဲ့ကို သာအားထားနေမယ် ဆိုရင်တော့ဘာမှ ထူးထူးခြားခြားဖြစ်လာမယ် မထင်ပါဘူး…” ဟုရာဖီဇီမှပြောကြား သွားခဲ့သည်။



Source by :http://freedomnewsgroup.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။