Home » , , » Command Prompt ကို အရောင် ပြောင်းမယ်

Command Prompt ကို အရောင် ပြောင်းမယ်

Written By မောင်စေတနာ on Monday, March 19, 2012 | 10:27:00 AM


ကျွန်တော်တို့ ကွန်ပျုတာ သုံးကြတဲ့ အခါ မှာ Window က ပေးတဲ့ Default ကြီးအတိုင်း တော့ ဘယ်အရာကိုမှ မကျေနပ်ချင်ကြဘူးနော်။ Theme လေးတွေ ပြောင်းကြသလို ၊ Folder တွေ ၊ Pointer လေးတွေ စတဲ့ ပြောင်းလို့ ရသမျှတော့ ပြောင်းကြည့်ချင်ကြ ပါတယ်။ အဲဒီလို ပြောင်းကြတဲ့ အခါ ကျွန်တော်တို့ User တွေဟာ လျှင်မြန်သွက်လက်ပီး လုပ်ငန်းတစ်ခု လျှင်မြန်စွာပီး မြောက်နိုင်ဖို့ Shorcut လေးတွေသုံးရင်နဲ့ အတူ Run Box က Command လေးတွေကိုလည်း သုံးကြတယ်နော်။

အဲဒီ Command လေးတွေကို သုံးတဲ့ အခါမှာ ပေါ်လာတဲ့ Command Prompt ရဲ့ Background ဟာ Default အားဖြင့်တော့ အနက်ရောင် ကြီးနော်။ အဲဒီ Command Prompt CMD ရဲ့ နောက်ခံ အရောင် ကို ကိုယ့်စိတ်ကြိုက် အရောင်လေး ပြောင်းကြည့်ရအောင်ပါ၊ Window 7 မှာ လုပ်ကြည်မှာပါ ဒီနည်းလမ်းလေးကို CMD ကနေ ပဲ လုပ်တဲ့ နည်းလေးတွေ ပြောကြပေမယ့် ဒီလွယ်ကူတဲ့နည်းလေးနဲ့ လုပ်ကြည့်ရအောင်ပါ။ မသိသေးသူများ အတွက်သာ ရည်ရွယ်ပါတယ်။

လုပ်ကြည့်ချင်ရင်

1. Window Key + R ကိုနှိပ်ပီး Command Key တစ်ခုခု ရိုက်လိုက်ပါ။ cmd ဆိုပါတော့။ ပြီးလျှင် OK လိုက်ပါ။

2.ပေါ်လာတဲ့ အပေါ် ဘား လေးကို Right Click ထောက်ပီး Properties ကိုသွားလိုက်ပါ။


3.ပုံမှာ ပြထားသလို လေး ရပီဟုတ် ဒါဆိုရင် Font တွေ ပြောင်းလို့ ရသလို ၊ Background Color အပြင် အရွယ်အစား တွေကိုပါ ပြောင်းလို့ရမှာပါ။


Window 7 မှာလုပ်ပြခဲ့တာပါ။

အားလုံး အဆင်ပြေကြပါစေ
မသိသေး သူများ အတွက် သာပါ။

မျိုးကိုကို

freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။