Home » » ရီးရဲလ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗန်ပါစီ

ရီးရဲလ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗန်ပါစီ

Written By မောင်စေတနာ on Saturday, February 11, 2012 | 6:30:00 PM



ရီးရဲလ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗန်ပါစီ

အာဆင်နယ်တိုက်စစ်မှူးဗန်ပါစီသည်စပိန်မှာ သွားရောက် ကစားဖို့အတွက်
အာဆင်နယ်ကိုစွန့်ခွာတော့မည်ဆိုသည့်ကောလဟာလသတင်းများ အားငြင်းဆိုလိုက်သည်။

အဆိုပါသတင်းများနှင့်ပတ်သက်ပြီး၊ ကစားသမား၏အေးဂျင့်ဖြစ်သူကလည်း ” ဒီသတင်းတွေအားလုံးဟာ အမှန်မဟုတ်ပါဘူး..၊ ကျွန်တော်တို့ ဘာအင်တာဗျူးလည်းမလုပ်ခဲ့ဘူး၊ ဘာမှတ်ချက်မှလည်း မပေးခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

ဗန်ပါစီကိုယ်တိုင်ကလည်း သူ့၏တွစ်တာ စာမျက်နှာမှတဆင့် အဆိုပါသတင်းများအား ငြင်းဆိုသွားခဲ့သည်။

” ကျွန်တော် မာကာသတင်းစာကို ဘာမှ မပြောခဲ့ပါဘူး၊ ဘာအင်တာဗျူးမှလည်း မလုပ်ခဲ့ပါဘူး” ဟုစပိန်နှင့်ပတ်သက်သော သတင်းများအားငြင်းဆိုသွားပါသည်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်များက ရီးရဲလ်နှင့် ဘာစီလိုနာအသင်းတို့၏ချိတ်ဆက်ခြင်းကိုခံခဲ့ရသောဗန်ပါစီသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၂၈ ဂိုးအထိသွင်းယူပေးထားသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။