Home » , » မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ

မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ

Written By မောင်စေတနာ on Thursday, February 2, 2012 | 12:30:00 PM



အွန်လိုင်းမှာတော့ ရှိုးပွဲကြော်ငြာကို ဒီလို ဝေဖန် သရော်ထားကြပါတယ်။ ပွဲအတွက် လက်မှတ်ပိုရောင်းရဖို့ ကံစမ်းမဲလုပ်တာလား၊ ဒီမိုကရေစီရပြီ ဖြစ်ချင်သလိုဖြစ် နေချင်သလိုနေကြမယ်ဆိုပြီး လုပ်ဆောင်တာလားမသိပါဘူး။

အရင်ဆုံးစုံတွဲ(၅၀၀) ကတော့ ကံစမ်းမဲ ပေါက်ရင် မမြင်ကွယ်ရာမှာ နေဖို့ အခန်းတစ်ခန်း ရမှာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက လူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ် ဒီလို မဟုတ်တဲ့ ကံစမ်းမဲ ဆွဲဆောင်မှုတွေနဲ့ စိတ်ဓာတ်တွေ ဖျက်ဆီးနေရင်တော့ ရှေ့ကလူကြီးတွေ ဘယ်လိုပဲ ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့ အမွေဆက်ခံမယ့် လူငယ် တွေလက်ထက်ရောက်ရင် တိုင်းပြည်အတွက် ရှေ့ရေးကတော့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။

အနုပညာကို အနုပညာ လိုခံစားတာ အပြစ်ပြောစရာမရှိပေမယ့် ဒီလိုမျိုး လုပ်ရပ်တွေဟာ မိဘတွေအတွက်ရော၊ တိုင်းပြည် အတွက်ပါ။ ရင်လေး စရာလုပ်ရပ်တွေဖြစ်လို့ ပြည်သူကို အနုပညာနဲ့ဖျော်ဖြေပါ၊ ကိုယ့်ရှိုးပွဲ လူဝင်ဖို့အတွက်တော့ မဟုတ်တဲ့ ကံစမ်းမဲတွေနဲ့ မဆွဲဆောင်ပါနဲ့လို့ နိုင်ငံကျော် အဆိုတော်တွေကို ရွှေမြန်မာမှ တိုက်တွန်း လိုက်ချင်ပါတယ်။

Source by : http://goldenmyanmarnews.blogspot.com/2012/02/blog-post.html
Share this article :

1 comments:

လှိုင်ဘွား(သီချင်းအိမ်) said...

အဲ့ဒါ စိတ်ဓါတ်နဲ့ 
အဆင့်အတန်းကိုပြလိုက်တာပဲလေ
အဓိက ကတော့ ပွဲစီစဉ်သူတွေရဲ့ လောဘ တွေပေါ့ဗျာ ခေတ်
အကူးအပြောင်းမှာ သူဌေးဖြစ်နောက်ကျနေမှာဆိုးလို့  မဟားတရားတွေကိုလုပ်ချ နေတော့တာပဲ
နောက်ထပ်ပြောချင်တာ မြန်မာနိုင်ငံက ဟာတွေက လွတ်ပြီဆိုတာနဲ့ မြင်းဇောင်းထဲက လွှတ်လိုက်သလို လုပ်ပြကြပါလိမ့်ဦးမယ်

လှိုင်ဘွား(သီချင်းအိမ်)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။