Home » » အိမ်ယာမဲ့များအတွက် ဗီယင်နာက ပြည့်တန်ဆာခန်း

အိမ်ယာမဲ့များအတွက် ဗီယင်နာက ပြည့်တန်ဆာခန်း

Written By မောင်စေတနာ on Saturday, February 11, 2012 | 12:02:00 AM

Peter Laskaris

ဆီးနှင်း ထူထပ်လွန်းတဲ့ဒဏ် အလူးအလဲ ခံနေရတဲ့ ဥရောပအလယ်ပိုင်း သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တော်က အိုးအိမ်မဲ့တွေဟာ ပြည့်တန်ဆာရုံမှာ အခန်း အခမဲ့ရဖို့အတွက် တန်းစီနေကြပါတယ်။

သူတို့မြို့က ပြည့်တန်ဆာခန်း လုပ်ငန်းရှင် Peter Laskaris က ဒီလောက်အေးတဲ့ ရာသီမှာ တခုခုတော့ လုပ်ပေးမှဖြစ်မယ်ဆိုပြီး အခုလို သူတတ်နိုင်တဲ့ဘက်က ကူညီပေးလိုက်တာပါ။ အပူချိန် (အအေးချိန်?)က သုညအောက် ၂၀ အထိ ရောက်နေတယ် တဲ့။ မနေ့က ရက်စွဲနဲ့ အင်တာနက်မှာ တက်လာတဲ့ သတင်းပါ။

လုပ်ငန်းရှင် Peter က တညကို ၁၀ ဦး ကုသိုလ်ပြုပါတယ်။

အခန်းရမယ် အခမဲ့၊
ရေနွေးနဲ့ ရေချိုးနိုင်တယ် အခမဲ့၊
ညစာ ပူပူနွေးနွေး အခမဲ့။

ဒါပေမယ့် ... (အင်း ... ဒီဒါပေမယ့်က ဒီသတင်းရဲ့ အဖြေပါပဲ) သူက "တခြား ၀န်ဆောင်မှုတွေတော့ ဘယ်ပါမလဲ" လို့ ဆိုပါတယ်။

"ဒီလောက် ရာသီဥတု ဆိုးနေချိန်မှာ လုပ်ငန်းကိုင်ငန်းက ကောင်းလှတယ်ရယ်လို့ မရှိပါဘူး၊ အချိန်ကလည်း ကျောင်းတွေ ပိတ်တဲ့အချိန် ဖြစ်နေတယ်။ မိသားစုလိုက် ခရီးထွက်နေတာလည်း အများကြီးပဲ။ ကျနော့်ဆီမှာ အခန်းတွေ လွတ်နေတယ် ဆိုတော့ ဒီအခန်းတွေကို အကျိုးရှိရာရှိကြောင်း မသုံးဘူးဆိုရင် ဘယ်မိုက်ပါ့မလဲ" တဲ့။

"ဒီလိုရာသီမျိုးမှာ ဘယ်သူမှ လမ်းပေါ်ရောက်မနေသင့်ပါဘူး" လို့ ဆိုပါတယ်။

သူ့ ပချုပ်ဆိုင်မှာ အခန်းတိုင်း ကုတင်တလုံး ရှိတယ်၊ ရေချိုးခန်းသီးသန့် ရှိတယ်၊ လာတဲ့ ဘယ်ဧည့်သည်မဆို နေ့စဉ် အခန်းသန့်ရှင်းရေး၊ လျှော်ပြီးသား ကိုယ်သုတ်ပုဝါ စတဲ့ ၀န်ဆောင်မှုတွေ ရမယ် တဲ့။

"Homeless တွေ အိမ်မဲ့ယာမဲ့တွေအတွက် အခန်း ၁၀ ခန်း သေချာပေါက် ချန်ထားဖို့ ကျနော့်ဝန်ထမ်းတွေကို ကျနော် ပြောပြီးပြီ" လို့ ဆိုတယ်။



Source by : http://www.irrawaddyblog.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။