Home » , » ၉ တန်း အပြင်ဖြေ နိဂုံး

၉ တန်း အပြင်ဖြေ နိဂုံး

Written By မောင်စေတနာ on Monday, February 20, 2012 | 1:30:00 AM

အင်းစိန်ထောင်ရှေ့မြင်ကွင်းတခု။ ပညာရေးဌာနက ၉ တန်း အပြင်ဖြေ အစီအစဉ်ကို ခွင့်မပြုတော့ဘူး တဲ့။ ထောင်ထဲ သွားဖြေရင်တော့ ရမယ်လို့ ယူဆရပါတယ်။

ပြင်ပမှာ အလုပ်လုပ်ရင်း ကိုးတန်းကို အပြင်ဖြေ ဖြေချင်တဲ့ ကျောင်းသားတွေ အတော် အခက်အခဲဖြစ်စေတဲ့ စာတစောင် ဒီရက်ပိုင်းတွေမှာ ပညာရေးဝန်ကြီးဌာနဆီက ထွက်လာပါတယ်။ ၉ တန်း အပြင်ဖြေ ခွင့်မပြုတော့ဘူး တဲ့။

မြန်မာတနိုင်ငံလုံးမှာ မိဘတွေ အဆင်မပြေ လို့ ၀ိုင်းဝန်းကူညီ လုပ်ကိုင်ပေးရင်း ကျောင်းမတက်နိုင်ဘဲ မိမိအစီအစဉ်နဲ့ စာပေလေ့လာရင်း ကိုးတန်းကို အပြင်ကဖြေဖို့ ကြိုးစားတဲ့ ကျောင်းသားတွေ အမြောက်အမြား ရှိနေပါတယ်။

အပြင်ဖြေ ဖြေမဲ့ ဆင်းရဲသူဆင်းရဲသား ကျောင်းသားလူငယ်များအတွက်..အနီးကပ် ဒုက္ခအိုးကြီးအဖြစ် ထွက်လာတဲ့ ညွှန်ကြားစာ ကတော့ ၂၀၁၂ ဇန်န၀ါရီလ ၂၅ ရက်နေ့စွဲနဲ့ပါ။

သူ့စာထဲက အလိုအတိုင်းဆိုရင် တပ်မတော်ပညာရေးကျောင်းများမှာ တက်ရောက် စာသင်ကြားနေတဲ့ တပ်မတော်သားတွေနဲ့အကျဉ်းထောင်ထဲ ရောက်နေသူတွေကလွဲရင် အပြင်လူတွေ မပါဘူးလို့ သုံးသပ်လို့ရပါတယ်။

ဒါဆိုရင် မိမိရဲ့ ပညာရည်တိုးတက်မြင့်မားမှုကို ဦးစားပေးချင်တဲ့ အလုပ်သမား လူငယ်လေးတွေအနေနဲ့ စစ်ထဲရင်လည်းဝင် .. ဒီလိုမှမဟုတ် ပြစ်မှုမြောက်အောင် ကြိုးစားပြီး ထောင်ကျခံမှ စာမေးပွဲဖြေခွင့်ရမဲ့သဘောပါ။ ခက်တော့တာပါဘဲလား.. ။

ဒီ့ထက်ပိုပြောစရာဖြစ်နေတာက စာထွက်လာတဲ့နေ့စွဲပါ။ စာမေးပွဲစစ်မဲ့ ရက်တွေ နီးကပ်လာတော့မှ ထွက်လာတဲ့ညွှန်ကြားချက်ပါ။

ဘုန်းတော်ကြီးသင်ကျောင်းတချို့မှာ စာမေးပွဲတွေက မကြာခင် စစ်တော့မှာမို့ ၀င်ဖြေဖို့ လျှောက်လွှာလာတင်သူများအတွက် အကုန် အခက်တွေ့ကုန်ကြရပါပြီ။

ပညာရေးလောက မသမာမှုတွေကြောင့် လုပ်ရတယ် ဆိုရင်လည်း ခုထက်မက ခပ်စောစောကတည်းက ကြေညာချက် ထုတ်ပြန် တားမြစ်ထားသင့်ပါတယ် လို့ရင်းနှီးတဲ့ ဆရာတော်တပါးက အမိန့်ရှိသွားပါတယ်။

ပွင့်လင်းမြင်သာလာတဲ့ .. ခေတ်ကြီးထဲမယ်.. ခုတလော ပညာရေးဝန်ကြီးဌာနဆီက ထွက်လာတဲ့ သတင်းများကလည်း ရင်ကြပ်စရာတွေချည့်….။

Source by :http://www.irrawaddyblog.com/
Share this article :

1 comments:

မဒမ်ကိုး said...

စိတ်မောစရာကောင်းတဲ့ ပညာေ၇းစနစ်း((

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။