Home » , , » ကမ္ဘောဇ FC ထိုင်းမှာ ကန်မယ်

ကမ္ဘောဇ FC ထိုင်းမှာ ကန်မယ်

Written By မောင်စေတနာ on Monday, February 20, 2012 | 2:52:00 PM

ကမ္ဘောဇ FC နဲ့ ချင်းရိုင်အသင်း (Chiang Rai United) တို့ လာမယ့် စနေနေ့ (ဖေဖော်ဝါရီ ၂၅ ရက်နေ့)မှာ ကန်ကြမယ်လို့ chiangraitimes.com မှာ ရေးထားပါတယ်။


ချင်းရိုင် ဒေသခံ လုပ်ငန်းရှင်များက စီစဉ်တဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအသင်းတွေကို ဖိတ်ထားတာ ကြာပြီ၊ ခုမှပဲ ပွဲဖြစ်တော့တယ်၊ အခုမှပဲ စိန်ခေါ်ချက်ကို လက်ခံတဲ့အသင်း ပေါ်လာတော့တယ် တဲ့။

ချင်းရိုင် ဒေသဟာ မြန်မာပြည်တာချီလိတ်နဲ့ သိပ်မဝေးပါဘူး။ ဒီဒေသမှာ မြန်မာ ဆုကြေးစားဘောလုံအသင်းနဲ့ ပထမဆုံး ကန်မယ့်ပွဲ ဖြစ်လာမှာပါ တဲ့။

ဒီသတင်းနဲ့ ပတ်သက်လို့ ကမ္ဘောဇ FC ၀က်ဆိုက်မှာ မတွေ့ရသေးပါ။

နယ်စပ်ဖြတ်ကျော် အားကစားပွဲအပြီးမှာ နှစ်ဘက် လုပ်ငန်းရှင်များ၊ အာဏာပိုင်များ ဆက်သွယ်ရေး ပိုပြီး ကောင်းလာဖို့ မျှော်လင့်နေတာပါ။

ခါတိုင်းတော့ နှစ်ဘက်စစ်တပ် နယ်စပ်မှာ ဘောလုံးချိန်းကန်တာ ရှိခဲ့ဖူးတယ် တဲ့။ ချစ်ကြည်ရေးပေါ့လေ။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မှတ်တမ်းများအရ အသင်း နည်းပြက ဘရာဇီး၊ ကစားသမားတချို့ကလည်း ဘရာဇီးက ဖြစ်တယ်လို့ ၀ီကီပီးဒီးယားက ဆိုပါတယ်။

ညွှန်း - http://www.chiangraitimes.com/news/5795.html


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။