![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhdhd9AG-StedXwPEultIAHk661fR8QciOV3lSS3r8-R8-dYjMqQFVE_nWPrTNIyLkFiYCvb2XFCm4-_EyaLRzqJkFn-fur1Obr3KxpaG03dtMEznWje-5Cvd8oYQVe-bO4eO7y_0B2yM/s400/431124_131999550255773_100003371864958_125369_2082991118_n.jpg)
ရန်ကုန်က နာမည်ကျော် ၂ ယောက်ရဲ့ ပုံက ဒီရက်ပိုင်း လူမှုကွန်ရက်အင်တာနက်မှာ ထပ်ရောက်လာပြန်တယ်။
ဒီတခါတော့ သူတို့ပုံချည်းပဲမဟုတ်ဘဲ မြန်မာလိုဝတ်ထားတဲ့ အနောက်တိုင်းသားစုံတွဲပုံနဲ့ တွဲထားတယ်။
တယောက်နဲ့ တယောက် ဖက်တွယ်ထားသူများကတော့ ကြော်ငြာတခုအတွက် ဓာတ်ပုံအရိုက်ခံနေကြတာ ဖြစ်ဖို့ များပါတယ်။
ဘာကိုကြော်ငြာမှန်းတော့ မသိပါ။ သူတို့ကတော့ -
သီချင်းဆို၊ ရုပ်သံအစီအစဉ်တင်ဆက်၊ အငြိမ့်က၊ မွေးနေ့တွေမှာ အခမဲ့ စင်တင်ဂီတပွဲ လုပ်၊ လူမှုရေးလုပ်ငန်း စိတ်ဝင်စားတဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော် ရဲလေး နဲ့
မန္တလေးဇာတိ၊ ၂ဝဝဝ ပြည့်နှစ်မှာ မော်ဒယ် ဖြစ်လာ၊ ၂ဝဝ၆မှာ သရုပ်ဆောင်ဖြစ်လာ၊ ရန်ကုန်မှာ စားသောက်ဆိုင် နဲ့ ဖက်ရှင်ပစ္စည်းဆိုင် ဖွင့်ထား၊ သရုပ်ဆောင်တချို့လိုပဲ စင်ပေါ်တက်သီချင်းဆို စီးရီးသွင်းတဲ့ မိုးဟေကိုတို့ ဖြစ်ပါတယ်။
Source by :http://www.irrawaddyblog.com/

0 comments:
Post a Comment