![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4i7gkhEHwas1icXrfE465AujasJQCWHEGbVCJhXFGwVZpktUz_DuKfxPxDNCvgm9HTLjL8emY3tT9cG218CftnQHAqMpKraCGvna_uB_ImZPqa9-df4PHeoPN6r4mZV_yjulptnswwzBB/s400/20120215a.jpg)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာညီအစ်ကို မစ္စတာ အန်ထော်နီ အဲရစ်နှင့် ဇနီးတို့သည် (၁၃-၀၂-၂၀၁၂) ရက်နေ့ မနက်က လာရောက်လည်ပတ်ပြီး ဖောင်ဒေးရှင်း၏ လုပ်ဆောင်နေသည့် စီမံချက်များကို လာရောက် လေ့လာခဲ့သည်။
၎င်းတို့ လာရောက် လည်ပတ်ခြင်းနှင့် ပတ်သက်ပြီး ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “သူတို့ အဓိက လာရောက် လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လုပ်ဆောင်နေတဲ့ စီမံချက်တွေကို လာရောက် လေ့လာတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို သူတို့ အနေနဲ့ ဘယ်လို ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်မယ် ဆိုတာကို လာကြည့်တာပါ”ဟု ပြောကြား ခဲ့သည်။
![20120215c](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sYdmE8UxaIs_dp6dQqeQadnQgdwKmVSBHv3XyK3bWxq1fydT80Ius2DS4efoBXAi1Lh5G0aeWm9FJaXdk93K5FVLfrilXQpC-PApQ3ihP9wszbN2T7a9wv5HXf=s0-d)
ဆက်လက်ပြီး “ဒီနေ့အချိန်မှာ မြန်မာပြည် အခြေအနေက တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲလာမှုတွေကို ဆောင်ရွက် လာတာနဲ့အမျှ နိုင်ငံတကာက အစိုးရအဖွဲ့တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ၀င်ရောက် ခဲ့ကြတော့ ထိုင်းနိုင်ငံထဲမှာ မြန်မာ့အရေး အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေကို ရံပုံငွေတွေ ဖြတ်တောက် ပစ်တာ ရှိခဲ့ပါတယ်။
![20120215d](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sifwTyvpCc2fiddyghzYqoma2yWlnKbOrgfVjddSLGJvppXAXzfb29bDutK8MES6a9uC_Th1mcsYGQye2UI4pAUtZFPlySMYyHiuAgb5jKozCjDlLU1aQQjj8D=s0-d)
စစ်မှန်တဲ့ ပြောင်းလဲမှုတွေအတွက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေခံ ပညာရေး အဆောက်အအုံတွေကို ကူညီဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အထူးဂရုတစိုက် ဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် မရှင်းမလင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို သေသေချာချာ လေ့လာကြည့်ရှုကြဖို့ လိုပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
၎င်းမှ ဆက်လက်ပြီး ဖောင်ဒေးရှင်း၏ လုပ်ငန်းများနှင့် ပတ်သက်၍ “ပထမဦးစွာ ကျနော်တို့ လေ့လာမိတာကတော့ ဖောင်ဒေးရှင်းရဲ့ ထိရောက်တဲ့ ဦးဆောင်မှုကြောင့် ပညာရေး စီမံချက် တစ်ခုထဲ မဟုတ်ဘဲ ကျန်းမာရေး၊ အမျိုးသမီး အခွင့်ရေး ကိစ္စတွေဟာ အရေးကြီးတဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်မှုတွေဟာ ၎င်းတို့ ကူညီ ဆောင်ရွက် ပေးနေတဲ့ လူထုကို အမှန်တကယ် အကျိုးရှိစေခဲ့ပါတယ်။
ကျနော်အနေနဲ့ ခံစားမိတာက မြန်မာနိုင်ငံတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ ဖောင်ဒေးရှင်း အနေနဲ့ လုပ်ဆောင် အကောင်အထည် ဖော်နေတဲ့ လုပ်ငန်း စီမံချက်တွေဟာ အနာဂတ်အတွက် ထက်မြက်တောက်ပတဲ့ ရင်သပ်ရှုမောဖွယ် အကျိုးရလဒ်တွေ ဖြစ်ထွန်း လာလိမ့်မယ်လို့ ယုံကြည်မိတယ်။ အဲဒီ ရလဒ်တွေဟာ အခု ဒီမှာရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် သာမကဘဲ မြန်မာနိုင်ငံ အတွက်ပါ ပြန်လည် အသုံးကျ လိမ့်မယ်လို့ ယုံကြည်မိပါတယ်”ဟု ပြောကြားခဲ့သည်။
![http://www.ghre.org/mm/shared_media/images/20120215b.jpg](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vYSusU_o0mXvfxq0YOdKb1Lr7tY4-CrW46o0RX3x-6qKbM0NlfuQ71nSDTVPut0jvD6Xvq6petNMoz34QwP_1U_-He1i35mkO9lmMXT1RJnB1UCa2yIIkLdRdl=s0-d)
မစ္စတာ အန်ထော်နီ အဲရစ်နှင့် ဇနီး Marie-Laure-Aris တို့သည် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာ ဌာနနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဆောက်လုပ်နေသည့် စာသင်ကျောင်း အသစ်တို့အား သွားရောက် လေ့လာခဲ့ပါသည်။ ၎င်းတို့ ဇနီးမောင်နှံအား ရွှေ့ပြောင်းမြန်မာ ကလေးငယ်များမှ တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
Source by :http://www.ghre.org/
၎င်းတို့ လာရောက် လည်ပတ်ခြင်းနှင့် ပတ်သက်ပြီး ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “သူတို့ အဓိက လာရောက် လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လုပ်ဆောင်နေတဲ့ စီမံချက်တွေကို လာရောက် လေ့လာတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို သူတို့ အနေနဲ့ ဘယ်လို ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်မယ် ဆိုတာကို လာကြည့်တာပါ”ဟု ပြောကြား ခဲ့သည်။
ဆက်လက်ပြီး “ဒီနေ့အချိန်မှာ မြန်မာပြည် အခြေအနေက တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲလာမှုတွေကို ဆောင်ရွက် လာတာနဲ့အမျှ နိုင်ငံတကာက အစိုးရအဖွဲ့တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ၀င်ရောက် ခဲ့ကြတော့ ထိုင်းနိုင်ငံထဲမှာ မြန်မာ့အရေး အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေကို ရံပုံငွေတွေ ဖြတ်တောက် ပစ်တာ ရှိခဲ့ပါတယ်။
ကျနော်တို့ အနေနဲ့ မြန်မာပြည်တွင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ၀င်ရောက် ကူညီလုပ်ကိုင် နေတာ လုံးဝ ငြင်းချက် ထုတ်စရာ မရှိပါဘူး။ ကူညီဖို့လည်း အမှန်တကယ် လိုအပ်နေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေ အတွက်လည်း အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကူညီဆောင်ရွက်ဖို့ လိုနေပါအုံးမယ်”ဟု ပြောကြားခဲ့သည်။
မစ္စတာ အန်ထော်နီအဲရစ် ကလည်း “လက်ရှိ တိုးတက်ပြောင်းလဲနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွကို ကြည့်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံထဲမှာ တိုက်ရိုက်သွားပြီး လုပ်ကိုင် နေကြတယ်။ ကျနော့်အနေနဲ့ ထင်တာကတော့ သူတို့တွေဟာ ရေရှည် အမြော်အမြင်နဲ့ ဆောင်ရွက်နေပုံ မရပါဘူး။
စစ်မှန်တဲ့ ပြောင်းလဲမှုတွေအတွက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေခံ ပညာရေး အဆောက်အအုံတွေကို ကူညီဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အထူးဂရုတစိုက် ဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် မရှင်းမလင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို သေသေချာချာ လေ့လာကြည့်ရှုကြဖို့ လိုပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
၎င်းမှ ဆက်လက်ပြီး ဖောင်ဒေးရှင်း၏ လုပ်ငန်းများနှင့် ပတ်သက်၍ “ပထမဦးစွာ ကျနော်တို့ လေ့လာမိတာကတော့ ဖောင်ဒေးရှင်းရဲ့ ထိရောက်တဲ့ ဦးဆောင်မှုကြောင့် ပညာရေး စီမံချက် တစ်ခုထဲ မဟုတ်ဘဲ ကျန်းမာရေး၊ အမျိုးသမီး အခွင့်ရေး ကိစ္စတွေဟာ အရေးကြီးတဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်မှုတွေဟာ ၎င်းတို့ ကူညီ ဆောင်ရွက် ပေးနေတဲ့ လူထုကို အမှန်တကယ် အကျိုးရှိစေခဲ့ပါတယ်။
ကျနော်အနေနဲ့ ခံစားမိတာက မြန်မာနိုင်ငံတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ ဖောင်ဒေးရှင်း အနေနဲ့ လုပ်ဆောင် အကောင်အထည် ဖော်နေတဲ့ လုပ်ငန်း စီမံချက်တွေဟာ အနာဂတ်အတွက် ထက်မြက်တောက်ပတဲ့ ရင်သပ်ရှုမောဖွယ် အကျိုးရလဒ်တွေ ဖြစ်ထွန်း လာလိမ့်မယ်လို့ ယုံကြည်မိတယ်။ အဲဒီ ရလဒ်တွေဟာ အခု ဒီမှာရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် သာမကဘဲ မြန်မာနိုင်ငံ အတွက်ပါ ပြန်လည် အသုံးကျ လိမ့်မယ်လို့ ယုံကြည်မိပါတယ်”ဟု ပြောကြားခဲ့သည်။
မစ္စတာ အန်ထော်နီ အဲရစ်နှင့် ဇနီး Marie-Laure-Aris တို့သည် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာ ဌာနနှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဆောက်လုပ်နေသည့် စာသင်ကျောင်း အသစ်တို့အား သွားရောက် လေ့လာခဲ့ပါသည်။ ၎င်းတို့ ဇနီးမောင်နှံအား ရွှေ့ပြောင်းမြန်မာ ကလေးငယ်များမှ တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
Source by :http://www.ghre.org/
0 comments:
Post a Comment