Home » , , » အ.မ.က( ၁ )မရမ်းကုန်းရှိ စည်းကမ်းမဲ့ ဆရာနှင့် ဆရာမကို အရေးယူပေးပါရန် တိုင်ကြားခြင်း

အ.မ.က( ၁ )မရမ်းကုန်းရှိ စည်းကမ်းမဲ့ ဆရာနှင့် ဆရာမကို အရေးယူပေးပါရန် တိုင်ကြားခြင်း

Written By မောင်စေတနာ on Wednesday, February 8, 2012 | 11:15:00 AM



နေ့စွဲ ၊၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၆ )ရက်

အကြောင်းအရာ။ ။အ.မ.က( ၁ )မရမ်းကုန်းရှိ စည်းကမ်းမဲ့ ဆရာနှင့် ဆရာမကို အရေးယူပေးပါရန် တိုင်ကြားခြင်း။ အထက်ပါကိစ္စမှာ

( ၁ ) - မူ/ပြဆရာမ ဒေါ်ခိုင်ဖြူဖြူထွန်းသည် ၂၀၁၁-ခုနှစ် ဇွန်လမှစ၍ ကျောင်းသို့ မလာပဲ ကျောင်းတွင်မတွေ့ ရ၍ စုံစမ်းကြည့်ရာ ပြောင်းရွေ့ခြင်းမဟုတ်ပဲ ပျက်ကွက်ခြင်းသာဖြစ်ပြီး ယနေ့ ထိ လစာပုံမှန်ထုတ် ယူနေကြောင်း သိရှိပါသဖြင့် ကျောင်းသားများအတွက် နစ်နာမှုရှိပြီး အမြန်ဆုံး စုံစမ်းအရေးယူပေးစေလိုပါသည် ။

( ၂ ) - မူ/ပြ ဆရာ ဦးလှမျိုးမှာလည်း ကျောင်း၏ ဘုရားခန်းအနီးတွင် မိန်းကလေးတစ်ဦးနှင့် ညအိပ်နေထိုင်၍ ကျောင်းသားများနှင့် မဖွယ်မရာဇာတ်ကားများကြားကာ ကျောင်းချိန်အတွင်း ထိုမိန်းကလေးနှင် အကြိမ်ကြိမ် ဆူညံစွာ ရန်ဖြစ်နေပါသဖြင့် ပတ်ဝန်းကျင်နှင့် ကျောင်းအနီးမှ ကျောင်းသားများအတုယူမှားစရာ ဖြစ်နေပါသဖြင့် စုံစမ်း၍ အမြန်ဆုံးအရေးယူပြီး ကျောင်းမှ ဖယ်ရှားပေးပါရန် အမြင်မတော်သူ ရပ်မိရပ်ဖ တစ်ဦးအနေဖြင့် သက်ဆိုင်ရာသို့ လေးစားစွာ တိုင်ကြားအပ်ပါသည် ။ ပညာရေးဝန်ကြီးကိုလည်း သိစေချင်ပါသည်။


လေးစားစွာဖြင့်

ရပ်မိရပ်ဖ
Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။