Home » , » မလေးရှားရောက် အမူးသမား တစ်ယောက်နဲ့ တွေ့ဆုံခြင်း (လက်တွေ့လိုက်နာ ဆင်ခြင်နိုင်ရန်)

မလေးရှားရောက် အမူးသမား တစ်ယောက်နဲ့ တွေ့ဆုံခြင်း (လက်တွေ့လိုက်နာ ဆင်ခြင်နိုင်ရန်)

Written By မောင်စေတနာ on Wednesday, July 16, 2014 | 7:08:00 PM


မနေ့ညနေက အလုပ် ခဏနားလို့ ကျနော့် ကိုကြီးနဲ့ အတူ တက်စီ ငှားပြီး မြန်မာဆိုင်မှာ မန်နေဂျာ အဖြစ်နဲ့ အလုပ်လုပ်နေတဲ့ အရမ်း  ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ဆိုင်ကို အလည်သွားကြတယ်။ မြန်မာဆိုင်  ဆိုတော့ ထုံးစံ အတိုင်းပေါ့။ ဘီယာ သောက်တဲ့သူ အရက် သောက်တဲ့သူ ထမင်းစားတဲ့သူ ဈေးဝယ် တဲ့သူနဲ့ လူတော်တော်လေးကို ရှူပ်နေပါတယ်။ မူးတဲ့ သူတွေ ကလည်း တော်တော်လေးကို မူးမူးနေကြပါပြီ။ 

ကျနော်လည်း သူတို့ တွေကို ကြည့်ပြီးပျော်မိပါတယ်။ သူများနိုင်ငံမှာ အခုလို အလုပ် လာလုပ်နေရပေမယ့် ရောက်ရာ ဘ၀လေးမှာ ပျော်ရွှင်စွာ နေတတ်ကြသားပဲ ဆိုတဲ့အတွေးနဲ့ သူတို့ အခု လိုမူးနေတာကို အပြစ်မမြင်ရက် ပါဘူး။ ခဏနေတော့ ကေကေ (KK SUPERMART) အင်္ကျီဝတ် ပိန်ပိန်ပါးပါးနဲ့ အကို တစ်ယောက် အရမ်းကို မူးနေပြီး ကျနော်တို့ သူငယ်ချင်း သုံးယောက် ရီစရာ မောစရာတွေပြောနေတဲ့ နေရာကို ရောက်လာတယ်။ 

မန်နေဂျာ  သူငယ်ချင်းကို မေးကြည့်တော့ သူက ကေကေ ကို ရောက်လာတာ မကြာသေးပါဘူးတဲ့။ သူ့ကိုကြည့်လိုက်တော့ နူတ်ခမ်းကွဲ   ချုပ်ထားတဲ့  သူတစ်ယောက်  ဖြစ်နေတယ် (တောအခေါ် ရွှေနှူတ်ခမ်းပေါ့)။ လက်ထဲမှာလည်း TIGER BEER ဘူးက ကိုင်ထားတယ်။  လူကလည်း တော်တော်မူးနေပြီ။  စကားကလည်း မပီဘူး။   ကျနော်ကကြည့်ပြီး အရမ်း သနားတယ်။  

ကျနော်ကလည်း အရင်က ကေကေ (KK SUPERMART) မှာ လုပ်ဖူးတာ ဆိုတော့ သူတို့လစာ မများဘူးဆိုတာ သိတယ်လေ။  ကိုယ်ချင်းလည်း  စာမိတယ်။   မူးပြီး ယိမ်းယိုင်နေတဲ့   သူ့ဘ၀လေးကို ကြည့်ပြီး ၀မ်းနည်း   ၀မ်း သာဖြစ်မိတယ်။ ဒါနဲ့ ကျနော်တို့ ဘေးနားမှာထိုင်ပြီး ပြေနေတဲ့   သူ့ဖိနပ်ကြိုးကို ထိုင်ပြီးချည်နေတယ်။   ဆိုင်ရှေ့က ကားလမ်းမှာ ကားဟွန်းတွေ တပွမ်ပွမ်တီးပြီး   ဆူနေတာကြောင့် ကျနော့်အကိုက မန်နေဂျာကို ဘာဖြစ်နေတာလဲလို့ မေးလိုက်တယ်။   

အဲတာကို ဖိနပ်ကြိုး ထိုင်ချည်နေတဲ့ ကိုရွှေနှူတ်ခမ်းက သူ့ကို  စိန်ခေါ်ပါတယ်  ဆိုပြီး ကျနော့်တို့ နှစ်ယောက်ကို ရန်လုပ်တော့တာပဲ။  "မင်းတို့ က ဘယ်လောက်   မိုက်လို့လဲ။     သတ္တိရှိလို့လား။  ငါက ပတ်စပို့သမားကွ ။   မိုက်ရင် အောက်မှာ တစ်ယောက်ချင်း   ထိုးမယ်။    မလေး၇ှား ရဲ တောင်မှ သောက်ကရုစိုက်တာ   မဟုတ်ဘူး။    ကျန်တဲ့ကောင်ဆိုရင်  ပြောမနေနဲ့ "ဆိုပြီး ကျနော်တို့ နှစ်ယောက်ကို အတင်းရန်လုပ်  တော့တာပဲ။ ကျနော်တို့နှစ်ယောက် လည်း အရမ်းကို အံ့သြ သွားတယ်။   မန်နေဂျာက မင်းကိုပြောနေတာ    မဟုတ်ဘူး လို့ ပြောတော့လည်း  မရတော့ဘူး။ အစမှာတော့ ကျနော်တို့ နှစ်ယောက်လုံး တော်တော်  ဒေါသထွက်  သွားတယ်။ 

အရင်ကလည်း အဲဆိုင်ကို ကျနော် ခဏခဏ အလည်သွားပါတယ်။   အခုလိုတစ်ခါမှ    ရန်အလုပ်မခံရဖူး ဘူး။   ဘယ့်နှယ်ဗျာ သူ့ကြည့်လိုက်တော့ လူက ယိမ်းယိုင်ပြီး လမ်းတောင် ကောင်းကောင်းေ လျှာက်နိုင်တော့တာ မဟုတ်ဘူး။  လူကြည့်တော့လည်း      ပိန်ချုံးနေတာပဲ။   အဲဒါကို အတင်း    ထိုးမယ်ဆိုပြီး       စိန်ခေါ်နေတယ်။    အဲဒါနဲ့ ဆိုင်မန်နေဂျာက လက်ကိုအတင်းဆွဲ ပြီး ဆိုင်ကနေ  မောင်းထုတ်    လိုက်တယ်။      ဒါတောင်မှ ကိုယ်တော်ချောက မကျေနပ်လို့တဲ့ ဆိုင်အောက်  ရောက်တော့ သူ့ဖုန်းကို ကိုင်ပေါက်ခွဲပစ်     လိုက်တယ်။ ကျနော်တို့က     သူ့ကို နားလည်ပေး   ခဲ့ပါတယ်။  သူမူးလို့ ဖြစ်နေတာပဲ     ဆိုပြီး အပြစ်မမြင်     ရက်ခဲ့ပါဘူး။

စိတ်ထဲမှာတော့ တော်တော် မကောင်းဘူးပေါ့ဗျာ။  ကျနော်တို့ လူမျိုးတွေရဲ့     စိတ်ဓာတ် အဲလောက်တောင် အောက်တန်း ကျနေပြီလား။    ကျနော်လည်း အရင်တချိန်တုန်းက သောက်စားခဲ့တဲ့   သူတစ်ယောက်ပါပဲ။   ဒါပေမယ့် ဘယ်လောက်ပဲ မူးမူး စိတ်ဓာတ်တွေ  အောက်တန်း    မကျခဲ့ဘူး။   မူးနေတယ်  ဆိုပြီး သူတစ်ပါး   အပေါ်မှာ အနို်င်မကျင့်ခဲ့ဘူး။ သူ့စည်းကိုယ့်စည်း ဆိုတာကို လေးစား   လိုက်နာခဲ့တယ်။    ကိုယ်ကြိုက်လို့ သောက်တာပဲ ဘယ်သူ့ကို မှရန်လုပ်နေစရာ   မလိုပါဘူး။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်လည်း    ကားငှားပြီး    ကိုယ့်နေရာကို ပြန်ခဲ့ကြတယ်။ ကားသာ စီနေရတာ   စိတ်ထဲမှာ ခုနက အဖြစ်အပျက်ကို စိတ်မကောင်းဖြစ်နေတယ်။   ပြောရင်လည်း ကိုယ့်ပေါင်ကို လှန်ထောင်းသလို   ဖြစ်အုံးမယ်။

မလေးရှားမှာ မြန်မာတွေ   အသတ်ခံရတယ်    ဆိုတာ    ဒီလိုလူမျိုးတွေနဲ့     တူပါတယ်။ စည်းလွတ်   ဘောင်လွတ် သောက်စားပြီး သူများနိုင်ငံမှာ ၇မ်းကားနေတာ     ကိုး။ ခုနက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှာ ဒီနို်င်ငံ    လူမျိုးဆိုရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။      ကျိန်းသေပေါက်   အသတ်ခံရမှာ။   ဒီနို်င်ငံမှာက လူတစ်ယောက်ကို   သတ်တာ     အရမ်းကို လွယ်ပါတယ်။ ဂရုစိုက်နေပါမှ တော်ကာကျတာ။   အခုလို မူးရူးပြီး သူများကိုလည်း ရန်မူနေတဲ့  လူလောက်ကတော့ အစတောင်   ရှာတွေ့မှာ     မဟုတ်ပါဘူး။   အဲလိုလူတွေ   အစား ကျနော်    ရင်လေးလိုက်တာဗျာ။     ပြီးရင် ကျနော်တို့ ရွှေတွေက တို့လူမျိုးကိုသတ်တာ ဘယ်ကောင်လဲ ဘာလဲ ဆိုပြီး ဒေါသက သိပ် အထွက်မြန်တာ။

ကိုယ့်လူဘက်က မှန်လား မှားလားဆိုတာကို သေချာ မစဉ်းစားကြဘူး။   နောက်ဆုံးမှာတော့ လူသတ်ပွဲတွေ ကျင်းပကြ   တော့တာပေါ့။ အဲဒီတော့ ကိုယ့်လူမျိုး      အသတ်ခံရလို့ဆိုပြီး တစ်ဖက်လူကို တိုက်ရိုက် တုန့်ပြန်လို့ မရပါဘူး။   ဒေါသကို ရှေ့ တန်းမတင်  စေလိုပါဘူး။ အဲဒီတော့ ကျနော်တို့ ရွှေ ညီအကိုတို့ရေ ဘီယာ အရက်ကြိုက်လို့   သောက်တယ် ဆိုရင်လည်း စည်းလွတ်ဘောင် လွတ်တော့ မသောက် ကြပါနဲ့။  စည်းကမ်းရှိရှိ သောက်စားပြီး နို်င်ငံကြီးသား ပီသကြပါစို့။ အောက်တန်းကျနေတဲ့    ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို ပြင်ကြပါစို့လို့   တိုက်တွန်းရင်း     ................

မလေးရှားရောက်   ရွှေညီအကို   မောင်နှမများ  အားလုံး ကျန်းမာ ချမ်းသာပြီး ဘေးဘယာ ဝေးကွာကြပါစေ။ 

စိုးလွင် (၁၆.၀၇.၂၀၁၄) 
ကိုယ့်တွေ့ကြုံသည်ကို ရွှေမြန်မာများ သတိပြု ဆင်ချင်နိုင်ရန် အတွက် ရေးသားပါသည်။


စာဖတ်သူ မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အခုလို ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို အခြားသူများ လိုက်နာ ဆင်ခြင် ဗဟုသုတရစေရန် အတွက် ရေးသားပေး ပို့နိုင်သည်။

နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။