Home » , , » Windows 7, Shutdown ကိုမြန်စေချင်ရင်

Windows 7, Shutdown ကိုမြန်စေချင်ရင်

Written By မောင်စေတနာ on Wednesday, February 8, 2012 | 3:30:00 PM

ကျွန်တော်တို့ တွေ Window 7 Computer ကို လျှင်လျှင်မြန်မြန် နဲ့ ပိတ်ချင်တဲ့ အခါမှာ အချိန်တွေ ကြာနေပါတယ် ။

ဒါနဲ့ ပတ်သက်ပီး တစ်ခြား Programs တွေနဲ့ လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိမှာပါ။နောက်တစ်နည်းကတော့ Window 7 ကို Shutting Down လုပ်တဲ့အခါမှာ Run နေတဲ့ Program တွေအတွက် Time out ကို လျော့ဖို့ အတွက် Window Default Wait ကို လျော့နည်းဖြစ်မှာပါနော်။

ဒီလို လျှင်မြန်လှတဲ့ ကမ္ဘာကြီးမှာ အရာရာကို မြန်မြန်ဆန်ဆန်ကြိုက်သလားဆို ဘာကိုမှကို စောင့်ဆိုင်းမနေချင်တော့ဘူးလေ။ ဟီး...


လူတိုင်းက အချိန်သိပ်မလိုပဲ လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်မယ့်အရာတွေကိုပဲ လိုချင်ကြတော့တယ်နော်။ Computer တာမှာလည်း ဒီလိုပါပဲ။လျှင်မြန်တဲ့ တုံ့ပြန်မှုမျိုးကိုပဲ လိုချင်တယ်လေ။တစ်ခါတစ်လေတော့လည်း ကွန်ပျူတာရဲ့ အခြေခံ လုပ်ဆောင်ချက်တွေက အချိန်တွေ အများကြီး ယူနေတော့ အဆင်ပြေ မချောမွေ့ဘဲ အချည်းနှီးဖြစ်စေပါတယ်။


ကျွန်တော်တို့တွေဟာ ကွန်ပျူတာနားက မြန်မြန်ထွက်ခွာ ရမယ့် ဒါပေမယ့် အလုပ်လုပ်နေသေးတဲ့ ဒါကြီးကိုလည်းထားမသွားချင်ဘူး။ ပြီးတော့ အဲဒါကလဲ ချက်ချင်းမပိတ်ဘဲ အချိန်တွေယူနေတယ်။ Power Button ကြီးကို နှိပ်ပီးလည်းမပိတ်ခဲ့ချင်ဘူး။အဲဒိလို အခြေ အနေမှာ System ကိုလည်း ဘာမှ အကျိုးသက်ရောက်ဖို့ မရှိဘဲ လွယ်ကူစွာ ပြီးမြောက်နိုင်မယ့် နည်းလေးတွေကို နားလည်ဖို့ လိုပါလိမ့်မယ်။

အဲဒီအတွက်လည်း လုပ်လို့ရတာတွေ ရှိမှာပါ။ Shutdown Time ကိုလျှော့ချနိုင်တဲ့အရာက Shutdown မှာ Hibernation Cache နဲ့ System's Virtual memory ကိုဖျက်ဖို့ Options မှာ Disable လုပ်လို့ ရမှာပါ။ဒါပေမယ့် အဲဒါကလည်း ရွေးချယ်မှုကောင်းတစ်ခု မဟုတ်လောက်ပါဘူး။ကဲ အဲဒီ အတွက် Utility သေးသေးလေးနဲ့ မိတ်ဆက်ပေးမလို့ပါ။

Speed Up Shutdown ဟာ သေးသေးလေးနဲ့ အသုံးပြုရလွယ်ကူပြီး အလကားလည်း သုံးလို့ရတဲ့ Portable Application လေးပါ။သူက Shutdown မှာ Clear Page file ကို Disable လုပ်ဖို့ ၊ Service တွေကို ရပ်ဖို့ အချိန် ၊ Application တွေကို ရပ်ဖို့ ယူနေတဲ့ အချိန် တွေလို များစွာသော လုပ်ငန်းဆောင်တာတွေအတွက် အချိန်တွေကို လျှော့ချပေးခြင်းဖြင့် Shutdown Time ကို လျှော့ချပေးပါတယ်။

ပြောရရင်တော့ User တွေ အတွက် ကျွန်တော် တို့ ကွန်ပျူတာ System ရဲ့ Shutdown ကို Optimize လုပ်ဖို့ အတွက် တစ်ခု ဒါမဟုတ် တစ်ခု ထက်ပိုတဲ့ Option အားလုံးကို ရွေးချယ်ဖို့ Option တွေပါတယ် လို့ပြောရမှာပါ။


Run ပြီးတဲ့ အချိန်မှာ ဒီလို ရိုးရှင်းပြီး အမြင်ရှင်းတဲ့ Interface လေးတွေ့မှာပါ။အပေါ်ဘက်နားလေး မှာ ကျွန်တော် တို့လုပ်လို့ရမှာက ကိုယ့်ရဲ့လိုအပ်ချက်အရ အသုံပြုနိုင်တဲ့ Shutdown Option မှာ

1. Disable Clear Page file,
2.Reduce Timeout To Kill Service,
3.Reduce Timeout To Kill App တွေ ရှိမှာပါ။

Option တစ်ခု ကိုရွေးပြီးရင်တော့ Shutdown Process ကို Optimize လုပ်ဖို့အတွက် Start Speed Up ကိုနှိပ်ရမှာပါ။


အဲဒီလိုပဲ အောက်ဘက်နားမှာက

1.Disable boot screen,
2.Disable start up services,
3.Check System Partition For Error and
4. Defrag System Partition options တို့တွေ ရှိမှာပါ။

ပထမဆုံး Option နှစ်ခုကို ရွေးလိုက်ပြီး Start နှိပ်လိုက်ရင် ဒီ Action တွေကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ အသေးစိတ် ရှင်းပြတဲ့ Webpage တစ်ခုကို ရောက်ပါလိမ့်မယ်။ ၃ ခုမြောက်နဲ့ ၄ခုမြောက်ဟာ User တွေ အတွက် အသုံးတဲ့စေနိုင်တဲ့ Defrag System partition နဲ့ Partition Error တွေကို စစ်ဖို့ Process ဖြစ်နေစဉ်မှာပါ။

ဒါလေးဟာ Shutting Down စဉ်မှာ System က ပုံမှန် ယူတဲ့ အချိန်ပမာဏကို တကယ်ကိုလျှော့ချပေးနိုင်တဲ့ ကောင်းမွန်တဲ့ Utility လေးပါ။ဒါလေးက အချိန်မမာဏ အနိမ့်ဆုံးထိ လျော့ချပြီးတာတောင် ထူးခြားမှု မရှိပါဘူး ဆိုတဲ့သူတွေလည်း ရှိကောင်းရှိနေမှာပါ။


ဒီနည်းတွေ အားလုံးကို Apply လုပ်ပီးတာတောင် ဒီထက်မြန်တာတွေကို ရှာနေအုံးမယ် ဆိုရင်တော့ ကွန်ပျူတာရဲ့ Power Button ကိုပိတ်လိုက်ပါတော့။ဒါပေမယ့် ဒီနည်းကတော့ Force Shutdown လည်းဖြစ်သွားပြီး ကျွန်တော် တို့ Computer Hard disk ကိုလည်းပျက်စီးစေပါလိမ့်မယ် ။


လိုချင်ရင် တော့ ဒီမှာ ယူလိုက်ပါ။


လေ့လာမိသမျှပြန်လည်ရေးသားမျှဝေခြင်းသာပါ. အားလုံးအဆင်ပြေကြပါစေ.
စာဖတ်သူတို့ အတွက် ကြိုးစားလေ့လာနေတဲ့

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Share this article :

1 comments:

Anonymous said...

ကျေးဇူးပါ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။